သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ကိုယ့်ဆန္ဒအရ စစ်မှုထမ်းခွင့် ရလာတော့မလား


အိန္ဒိယနိုင်ငံ Srinagar မြို့မှာ လုံခြုံရေးယူနေတဲ့ စစ်သားတဦး (မေ ၀၃၊ ၂၀၂၀)
အိန္ဒိယနိုင်ငံ Srinagar မြို့မှာ လုံခြုံရေးယူနေတဲ့ စစ်သားတဦး (မေ ၀၃၊ ၂၀၂၀)

(Zawgyi/Unicode)

အိန္ဒိယနိုင်ငံမှာ အရပ်သားတွေကို ကိုယ့်သဘောဆန္ဒနဲ့ကိုယ် ၃ နှစ်ကြာ စစ်မှုထမ်းခွင့်ပေးမယ့် အဆိုတရပ်ကို ကမ်းလှမ်းဖို့ အိန္ဒိယစစ်တပ်က စဉ်းစားနေတယ်လို့ Press Trust of India သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အလုပ်လက်မဲ့ ပြဿနာကို အဖြေရှာတဲ့အနေနဲ့ရော၊ အမြဲတမ်းစစ်မှုထမ်းတာကနေ ယာယီစစ်မှုထမ်းတဲ့ အတွေ့အကြုံကို ပြောင်းဖို့အတွက် အခုလိုအဆိုပြုဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

India ဝန်ကြီးချုပ် နရင်ဒရာ မိုဒီ
India ဝန်ကြီးချုပ် နရင်ဒရာ မိုဒီ

ဒါ့အပြင် အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကလည်း ပြည်တွင်းထုတ် ကုန်ပစ္စည်းတွေကို အားပေးတဲ့အနေနဲ့ အိန္ဒိယဗဟိုရဲဌာနအားလုံးမှာ ရှိတဲ့ စားသောက်ဆိုင်တွေမှာ ပြည်တွင်းမှာလုပ်တဲ့ ကုန်ပစ္စည်းတွေကိုပဲ ရောင်းချဖို့ ပြောလိုက်ပါတယ်။

ကိုယ့်ပြည်တွင်းကို အားကိုးဖို့ဆိုတဲ့ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီရဲ့ အစီအစဉ်အရ အဲဒီလိုလုပ်ဆောင်လိုက်တာပါ။

ဒါ့အပြင် အိန္ဒိယနိုင်ငံသားတွေအနေနဲ့လည်း ပြည်တွင်းဖြစ်ကို အားပေးကြဖို့ ပြည်ထဲရေးဝန်ကြီးဌာနက ပန်ကြားထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈,၀၀၀ ကျော်ရှိပါတယ်။

အိန္ဒိယမှာ ကိုယ့်ဆန္ဒအရ စစ်မှုထမ်းခွင့် ရလာတော့မလား
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]

အိန်ဒိယမှာ ကိုယ့ျဆန်ဒအရ စဈမှုထမျးခှင့ျ ရလာတော့မလား







XS
SM
MD
LG