သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသမ္မတ အိမ်တော်ဝင်းထဲက ဝန်ထမ်းတဦးမှာ COVID-19 ကူးစက်နေ


(Zawgyi/Unicode)

အိန္ဒိယနိုင်ငံမြို့တော်၊နယူးဒေလီမြို့ က သမ္မတ Ram Nath Kovind ရဲ့ အိမ်တော်ဝင်းအတွင်း ဝန်ထမ်း အိမ်ရာတစ်ခုမှာ နေထိုင် တဲ့ ရေသန့်ဝန်ထမ်းတယောက်ရဲ့ မိသားစုဝင်တဦး ဆီမှာ COVID-19 ရောဂါပိုးကူးစက်နေတာတွေ့ရှိရတဲ့ အတွက် အင်္ဂါနေ့က သမ္မတအိမ်တော် အိမ်ရာဝင်းအတွင်း နေထိုင်သူ ၅၀၀ လောက်ကို သီးခြားခွဲထားလိုက်ပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ Kovind နဲ့ သူ့ကို စောင့်ရှောက်နေသူတွေကတော့ အဆင့်နိမ့် ဝန်ထမ်းတွေနဲ့ ထိတွေ့ ဆက်ဆံမှု မရှိတာကြောင့် သီးခြားခွဲ နေထိုင်သွားဖို့ အစီအစဉ်မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတအိမ်တော်ဝင်း အလုပ်သမားတွေနေထိုင်တဲ့ တိုက်ခန်း ၁၀၀ ကျော်က ဝန်ထမ်းတွေ အိမ်ထဲမှာပဲနေကြဖို့ အမိန့်ထုတ်ထား သလို ရေသန့်ဌာနမှာ အလုပ်လုပ်တဲ့ အလုပ်သမားနဲ့ မိသားစုဝင် ၇ ဦးကို သီးခြားခွဲစောင့်ကြည့် quarantine စင်တာကို ပြောင်းရွှေ့ထားပါတယ်။ လူဦးရေ ၁,၃ ဘီလီယံ လောက်ရှိတဲ့ အိန္ဒိယမှာ လူတွေကို အိမ်ပြင် ရက် ၄၀ မထွက်ရ အမိန့်ချမှတ်ထားပါတယ်။ လက်ရှိမှာလည်း နိုင်ငံတွင်း ရောဂါကူးစက်သူ ၁၉၀၀၀ နီးပါးနဲ့ သေဆုံးသူ ၆၀၀ ကျော်ရှိပါတယ်။

အိန္ဒိယလွှတ်တော်တွင်းအလုပ်လုပ်တဲ့ ဝန်ထမ်းတဉီးလည်း ရောဂါကူးစက်ခံထားရပေမဲ့ သူ့ကို အလုပ်နားထားတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။

ပါကစ္စတန်မှာတော့ ဝန်ကြီးချုပ် Imran Khan COVID-19 ရောဂါရှိ မရှိ အစစ်ဆေး ခံရဖို့ရှိပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်က သူတွေ့ဆုံခဲ့တဲ့ ပရဟိတအဖွဲ့အစည်းကြီးတခုရဲ့ အကြီးအကဲ တဦး မှာ ရောဂါပိုးကူးစက်နေတာကို သိရတဲ့အတွက် ဝန်ကြီးချုပ် Khan စစ်ဆေးမှုခံယူရတာပါ။

အာဖဂန် သမ္မတနန်းတော်တွင်းမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ရောဂါပိုးကူးစက်သူ အနည်းဆုံး ၂၀ လောက်တွေ့တဲ့အတွက် အာဖဂန် သမ္မတ Ashraf Ghani နဲ့ သူ့ဇနီးတို့လည်း အစစ်ဆေးခံခဲ့ပေမဲ့ ရောဂါပိုး မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်


..........


(Unicode)






XS
SM
MD
LG