သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မှုတိုးဖို့ Modi တိုက်တွန်း


အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ အမေရိကန်လွှတ်တော် ၂ ရပ်ပေါင်းရှေ့မှာ ဗုဒ္ဓဟူးနေ့က မိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်နဲ့ အိန္ဒိယနှစ်နိုင်ငံအကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးထားရှိဖို့ တောင်းဆိုလိုက်ပါတယ်။ အထူးသဖြင့်တော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

“အကြမ်းဖက်သမားတွေကို ကဏ္ဍစုံကနေ တိုက်ခိုက်ဖို့ လိုအပ်ကြောင်း၊ သမားရိုးကျ လုပ်နည်းလုပ်ဟန်တွေဖြစ်တဲ့ စစ်တပ်၊ ထောက်လှမ်းရေး၊ သံတမန်ရေးနည်းလမ်းတွေ သက်သက်နဲ့တင် မအောင်မြင်နိုင်ကြောင်း၊ အကြမ်းဖက်မှု တိုက်ခိုက်ရင်း နှစ်နိုင်ငံစလုံးမှာ အရပ်သားတွေနဲ့ စစ်သားတွေရဲ့အသက်တွေ ဆုံးရှုံးခဲ့ရကြောင်း၊ လက်ရှိအချိန်မှာ နှစ်နိုင်ငံအကြေားက လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို ထဲထဲဝင်ဝင် တိုးမြှင့်လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် Modi က ပြောသွားတာပါ။”

အကြမ်းဖက် တိုက်ခိုက်ရေးအပြင် နျူကလီးယား၊ ရေကြောင်းဆိုင်ရာ လုံခြုံရေး၊ တရုတ်နဲ့ မြောက်ကိုရီးယားတိုရဲ့ စစ်ရေးအရ ခြိမ်းခြောက်လာနေမှု စတဲ့ ကဏ္ဍတွေမှာ အိန္ဒိယရဲ့ ရပ်တည်ချက်ကိုလည်း အမေရိကန် လွှတ်တော်အမတ်တွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Modi ရဲ့ အမေရိကန်ခရီးစဉ်ဟာ လျင်မြန်စွာ ကြီးထွားလာနေတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းလာအောင် ကြိုးပမ်းဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တယ်ဆိုတာနဲ့ အိန္ဒိယရဲ့ စီးပွားရေးဟာလည်း ကမ္ဘာမှာ အလျင်မြန်ဆုံး တိုးတက်နေတဲ့ စီးပွားဖြစ်တယ်ဆိုတာကို ချပြဖို့အတွက် ဝန်ကြီးချုပ် Modi အမေရိကန်နိုင်ငံကို ရောက်လာတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG