သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ ပူးတွဲစစ်ရေးလေ့ကျင့်မည်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Nirmal Verma. သြဂုတ် ၃၊ ၂၀၁၂။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Nirmal Verma. သြဂုတ် ၃၊ ၂၀၁၂။

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း Meghalaya ပြည်နယ်မှာ အိန္ဒိယ မြန်မာ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး Suneet Newton က စနေနေ့မှာ ပြောပါတယ်။

Meghalaya ပြည်နယ်မြို့တော် Shillong ကနေ ၁၅ မိုင်အကွာမှာရှိတဲ့ Umroi တပ်မြို့ကလေးမှာ နိုဝင်ဘာလ ၂၀ ရက်ကျရင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင် ပြုလုပ်မှာဖြစ်ပါတယ်။

IMBAX-2017 လေ့ကျင့်မှုဟာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွေရဲ့ စစ်ရေးလေ့ကျင့်မှု UNPKO အဖြစ် ပထမဆုံး အိန္ဒိယမြေပေါ်မှာ လေ့ကျင့်တာဖြစ်ကြောင်းလဲ ဒုဗိုလ်မှူးကြီး Newton က ပြောပါတယ်။

အခုလေ့ကျင့်မှုမှာ မြန်မာစစ်တပ်အရာရှိ ၁၅ ဦးနဲ့ အိန္ဒိယအရာရှိ ၁၆ ဦးတို့ပါဝင်ပြီး အခုလို ၆ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းတပ်တွေရဲ့ လုပ်ငန်းတွေမှာ မြန်မာအဖွဲ့ ပါဝင်နိုင်ဖို့ လေ့ကျင့်တာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်တွေကြား ပူးတွဲလေ့ကျင့်မှုကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က အောင်မြင်စွာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ ပူးတွဲစစ်ရေးလေ့ကျင့်မည်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG