သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသမုဒ္ဒရာဆူနာမီ နှစ် ၂၀ ပြည့် အောက်မေ့ဘွယ်အခမ်းအနားတွေ ကျင်းပ


အိန္ဒိယနိုင်ငံမှာ ဆူနာမီလှိုင်းဒဏ်သင့်ခဲ့သူတွေအတွက် နှစ် (၂၀) ပြည့် အောက်မေ့ဖွယ် ဆုတောင်းပေးနေကြသူ အမျိုးသမီးများ။
အိန္ဒိယနိုင်ငံမှာ ဆူနာမီလှိုင်းဒဏ်သင့်ခဲ့သူတွေအတွက် နှစ် (၂၀) ပြည့် အောက်မေ့ဖွယ် ဆုတောင်းပေးနေကြသူ အမျိုးသမီးများ။

အိန္ဒိယသမုဒ္ဒရာနဲ့ ထိဆက်နေတဲ့နိုင်ငံတွေမှာ လူပေါင်း သိန်းချီ သေဆုံးခဲတဲ့ ဆူနာမီ ဒီလှိုင်းလုံးကြီးတွေ ရိုက်ခတ်ခံရတာ အနှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွေကို ဒီနေ့ ကျင်းပကြပါတယ်။

အိန္ဒိယသမုဒ္ဒရာ ဆူနာမီလှိုင်းဒဏ်သင့် နှစ် ၂၀ ပြည့်
အိန္ဒိယသမုဒ္ဒရာ ဆူနာမီလှိုင်းဒဏ်သင့် နှစ် ၂၀ ပြည့်

၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းအနောက်ဘက်ကမ်းလွန်ကို ဗဟိုပြုပြီး ၉.၁ ပြင်းအားရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ရာကနေ ဖြစ်ပေါ်လာတဲ့ Tsunami ဒီလှိုင်းလုံးကြီးတွေဟာ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ အပါအဝင် အိန္ဒိယသမုဒ္ဒရာနဲ့ ထိဆက်နေတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံကိုရိုက်ခတ်ခဲ့ပြီး လူပေါင်း နှစ်သိန်းနှစ်သောင်း (၂၂၀,၀၀၀) ကျော်‌ သေဆုံးခဲ့ပါတယ်။ ၈,၀၀၀ ထက်မနည်းသေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံမှာ ဒီနေ့ အနှစ် ၂၀ ပြည့်အခမ်းအနားတွေ ပြုလုပ်ခဲ့တာမှာ ဖန်ငခရိုင် ခေါင်လတ်ကမ်းခြေမှာ ပြုလုပ်တဲ့အခမ်းအနားကို ဆူနာမီမှာ အသက်ရှင်ကျန်သူတွေလည်း လာရောက်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံက ဆူနာမီ နှစ် ၂၀ ပြည့် အောက်မေ့ဘွယ်အခမ်းအနား (ဒီဇင်ဘာ ၂၆၊ ၂၀၂၄)
ထိုင်းနိုင်ငံက ဆူနာမီ နှစ် ၂၀ ပြည့် အောက်မေ့ဘွယ်အခမ်းအနား (ဒီဇင်ဘာ ၂၆၊ ၂၀၂၄)

ဆူနာမီဖြစ်တဲ့မနက်က သူနဲ့အတူ သူ့ရဲ့လက်တွဲဖော်နဲ့ လက်တွဲဖော်ရဲ့ မိဘတွေကမ်းခြေမှာ နေပူစာလှုံ နေကြတဲ့အကြောင်းနဲ့ ဒီလှိုင်းကြီးတွေကိုမြင်ချိန်မှာ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ မမှီလိုက်ဘူး လို့ ယူကေနိုင်ငံက Doherty ကပြောပြနေတာပါ။ ဖြစ်ပျက်ချိန်ဟာ မြန်ဆန်လွန်းပြီး သူသတိပြန်ရချိန်မှာ ဒဏ်ရာအများအပြားနဲ့ သစ်ပင်ပေါ်ရောက်နေကြောင်း လွန်ခဲ့တဲ့အနှစ် ၂၀ ကအဖြစ်အပျက်ကို VOA မြန်မာပိုင်းကို ပြောပြပါတယ်။ အဲဒီနေ့က ကွယ်လွန်ခဲ့တဲ့ သူ့ရဲ့ လက်တွဲဖော်နဲ့ မိဘတွေအတွက် သူထိုင်းနိုင်ငံကို ပြန်လာပြီး ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဆူနာမီဒီလှိုင်းကြီးတွေကြောင့် သေဆုံးသူ ၈,၀၀၀ ကျော်မှာ ထပ်ဝက်လောက်က ကမ္ဘာလှည့် ခရီးသည်တွေဖြစ်ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ကက်သလစ်ခရစ်ယာန်ကျောင်းမှာ ဆူနာမီ နှစ် (၂၀) ပြည့် ဝတ်ပြုဆုတောင်းပွဲကျင်းပ။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံ ကက်သလစ်ခရစ်ယာန်ကျောင်းမှာ ဆူနာမီ နှစ် (၂၀) ပြည့် ဝတ်ပြုဆုတောင်းပွဲကျင်းပ။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၄)

အင်ဒိုနီးရှားနိုင်ငံကတော့ ဆူနာမီကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး တသိန်းခုနစ်သောင်း (၁၇၀,၀၀၀) ကျော် သေဆုံးခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာတော့ သုံးသောင်းခွဲကျော် သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံမှာ တ သောင်းကျော် သေဆုံးခဲ့ပါတယ်။ အဲဒီနိုင်ငံတွေမှာလည်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွေကို ဒီနေ့ကျင်းပကြပါတယ်။ အင်ဒိုနီးရှား၊ သိရိလင်္ကာ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှာ ဆူနာမီဒဏ်ကြောင့် နှစ်သန်း နီးပါးလည်း အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ အခုလို ဆုံးရှုံး ပျက်စီးမှုတွေများတဲ့ ဆူနာမီကြီးဖြစ်ခဲ့ပြီးနောက် အိန္ဒိယသမုဒ္ဒရာထဲမှာ ဆူနာမီကြိုတင်သတိပေးစနစ်ကို ၂၀၀၆ ခုနှစ်ကုန်ပိုင်းမှာ ပထမဆုံးအကြိမ် တပ်ဆင် ထားရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG