သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက ကနေဒါသံတမန် ၄၁ ဦ:ထွက်ခွာဖို့ အမိန့်ထုတ် 


နယူးဒေလီမြို့က ကနေဒါသံရုံး (စက်တင်ဘာ ၁၉၊ ၂၀၂၃)
နယူးဒေလီမြို့က ကနေဒါသံရုံး (စက်တင်ဘာ ၁၉၊ ၂၀၂၃)

အိန္ဒိယမှာရှိတဲ့ ကနေဒါသံတမန် ၆၂ ယောက်အနက် ၄၁ ယောက်ကိုဖယ်ရှားဖို့ အိန္ဒိယကအမိန့်ထုတ်လိုက်ကြောင်း အမည်မဖော်လိုတဲ့ ကနေဒါတာဝန်ရှိသူတဦးက အင်္ဂါနေ့က ပြောပါတယ်။ ကနေဒါနဲ့အိန္ဒိယတို့က အကြီးတန်းသံတမန်တွေကို အပြန်အလှန်နှင်ထုတ်ကြပြီးတဲ့နောက် အင်္ဂါနေ့က အိန္ဒိယက ခုလို လုပ်လိုက်တာ ဖြစ်တယ်လို့ FINANCIAL TIMES သတင်းစာကြီး က ဆိုပါတယ်။

ကနေဒါ နိုင်ငံ ဗန်ကူးဗားမြို့နားမှာနေထိုင်နေတဲ့ အိန္ဒိယက ထွက်ပြေးလာသူ ဟားဒိဘ် ဆင်း နစ်ဂျား (Hardeep Singh Nijjar) ကို သတ်ဖြတ်မှုမှာ အိန္ဒိယ နိုင်ငံက ပါဝင်ပတ်သက်နေကြောင်း ယုံကြည်ရလောက်တဲ့စွပ်စွဲချက်တွေ ရှိတယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က ပြောပြီးတဲ့နောက် သံတမန်တွေကို အပြန်အလှန် နှင်ထုတ်ခဲ့ကြတာပါ။ ၁၉၈၀ ခုနှစ်များအတွင်းက ခါလစ္စတန်အမည်ရှိတဲ့ နိုင်ငံတနိုင်ငံထူထောင်မယ့် ဆစ်ခ် ခွဲထွက်ရေးလှုပ်ရှားမှု မှာ နစ်ဂျားပါဝင်ခဲ့တဲ့အခန်းကဏ္ဍကြောင့် သူဟာ အကြမ်းဖက်သမားဖြစ်ပြီး ကနေဒါဟာ ခါလစ္စတန်လိုလားတဲ့ အစွန်းရောက်သမားတွေ ခိုလှုံရာတိုင်းပြည်ဖြစ်တယ်လို့ အိန္ဒိယကပြောပါတယ်။

ကနေဒါမှာရှိတဲ့ အိန္ဒိယသံတမန်က အနည်းငယ်ပဲရှိတယ်လို့ဆိုပြီး အိန္ဒိယမှာ ရှိတဲ့ ကနေဒါသံတမန်တွေကို ကန့်သတ်ဖို့ ဒီမတိုင်ခင်က အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

ကနေဒါ-အိန္ဒိယ ဆက်ဆံရေး တင်းမာလာတာကြောင့် ပြီးခဲ့တဲ့ အပတ်တုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

အိန္ဒိယက ကနေဒါသံတမန် ၄၁ ဦ:ထွက်ခွာဖို့ အမိန့်ထုတ်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG