သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါနဲ့ အိန္ဒိယနိုင်ငံ အပြန်အလှန် သံတမန်နှင်ထုတ်


 နယူးဒေလီမှာရှိတဲ့ ကနေဒါသံရုံး
နယူးဒေလီမှာရှိတဲ့ ကနေဒါသံရုံး

ကနေဒါနိုင်ငံသား ဆစ်ခ်ခေါင်းဆောင်တစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရက ပါ၀င်ပတ်သက်နေကြောင်း ကနေဒါ၀န်ကြီးချုပ် Justin Trudeau ရဲ့စွပ်စွဲချက်ကို အိန္ဒိယက ပယ်ချခဲ့ပါတယ်။ လွတ်လပ်သော ဆစ်ခ်မွေးရပ်မြေအတွက် စည်းရုံးလှုံ့ဆော်ခဲ့သူ Hardeep Singh Nijjar (ဟာဒီပ် ဆင်းနစ်ဂျာ)ဟာ ဇွန်လ ၁၈ ရက်နေ့က ကနေဒါနိုင်ငံ ဗြိတိန်ကိုလံဘီယာမှာရှိတဲ့ ဆစ်ခ်ဘုရားကျောင်းအပြင်ဘက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။ သူ့ကို အိန္ဒိယက အကြမ်းဖက်သမားလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

“ကနေဒါမြေပေါ်မှာ ကနေဒါနိုင်ငံသားတဦး သတ်ဖြတ်ခံရတဲ့ကိစ္စမှာ နိုင်ငံခြားအစိုးရက ပါဝင်ပတ်သက်နေတာဟာ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်ပြီး လက်ခံနိုင်စရာမရှိဘူး” လို့ ၀န်ကြီးချုပ် Justin Trudeau ကပြောသွားတာပါ။

ဆစ်ခ်ခေါင်းဆောင် ဟာဒီပ် ဆင်းနစ်ဂျာ အသတ်ခံရမှုနဲ့ပတ်သက်လို့ ကနေဒါ နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေတာပါ။ ကနေဒါဘက်က အိန္ဒိယသံတမန်တဦးကို ဒီကနေ့ နှင်ထုတ်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အိန္ဒိယဘက်ကလည်း ကနေဒါသံတမန်တဦးကို နှင်ထုတ်ခဲ့ပါတယ်။ မကြာသေးမီက အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံချိန်တုန်းကလည်း ဆစ်ခ်ခေါင်းဆောင်အသတ်ခံရမှုမှာ အိန္ဒိယအစိုးရပါ၀င်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း Trudeau က ပြောကြားခဲ့ပါတယ်။

ကနေဒါနဲ့ အိန္ဒိယနိုင်ငံ အပြန်အလှန် သံတမန်နှင်ထုတ်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG