သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ၊ ပါကစ္စတန် Facebook စာမျက်နှာတွေ အပိတ်ခံရ


အိန္ဒိယနိုင်ငံ New Delhi မြို့ရှိ အင်တာနက်ဆိုင်မှာ Facebook သုံးနေတဲ့ အိန္ဒိိယ အမျိုးသားတဦး (ဖေဖောဝါရီ၊ ၀၉၊ ၂၀၁၆)
အိန္ဒိယနိုင်ငံ New Delhi မြို့ရှိ အင်တာနက်ဆိုင်မှာ Facebook သုံးနေတဲ့ အိန္ဒိိယ အမျိုးသားတဦး (ဖေဖောဝါရီ၊ ၀၉၊ ၂၀၁၆)

အိန္ဒိယနိုင်ငံရေး ပါတီတွေ ဒါမှမဟုတ် ပါကစ္စတန် စစ်ဘက်နဲ့ အဆက်အစပ်ရှိတဲ့ Facebook အကောင့်နဲ့ စာမျက်နှာ ရာပေါင်း များစွာကို Facebook က ပိတ်ပစ်လိုက်ပါတယ်။ “ပူးပေါင်းကြံစည်ထားတဲ့ အတုအယောင် အပြုအမူ ဒါမှမဟုတ် မသင့်လျော်တဲ့ လုပ်ရပ်” တွေကြောင့် ပိတ်လိုက်တာလို့ Facebook က အကြောင်းပြပါတယ်။

အဲဒီ စာမျက်နှာတွေနဲ့ အကောင့်တွေကို သူတို့ရဲ့ အလိုအလျောက်စနစ်ကနေ တဆင့် သိရှိပြီး ပိတ်ပစ်လိုက်တာလို့လည်း Facebook က ပြောပါတယ်။

အိန္ဒိယက အဓိက အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အိန္ဒိယ အမျိုးသားကွန်ဂရက် INC ကတော့ အခု အပိတ်ခံရတဲ့ထဲမှာ သူတို့ရဲ့ တရားဝင်စာမျက်နှာတွေ မပါဘူးလို့ ပြောပါတယ်။ တနည်းအားဖြင့်တော့ ပိတ်ပစ်လိုက်တဲ့ စာမျက်နှာတွေဟာ နိုင်ငံရေး ပါတီတွေနဲ့ ဆက်စပ်တယ်လို့ Facebook က ပြောထားတာကြောင့် ဒီထဲမှာ သူတို့မပါဘူးလို့ ပြောချင်တဲ့သဘောပါပဲ။

ဧပြီလ ၁၁ ရက်နေ့ကစပြီး အကျိတ်အနယ် ယှဉ်ပြိုင်ရမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် အိန္ဒိယနိုင်ငံရေး ပါတီတွေဟာ ဆိုရှယ် မီဒီယာတွေပေါ်ကနေ မဲဆွယ် စည်းရုံးနေကြတာပါ။ ဒီအခြေအနေမှာ လုပ်ကြံသတင်းတွေရဲ့ အန္တရာယ်က အဓိက စိုးရိမ်ဖွယ်ကိစ္စတခု ဖြစ်နေပါတယ်။

ပါကစ္စတန်နိုင်ငံမှာတော့ စစ်တပ်ရဲ့ သတင်း မီဒီယာအဖွဲ့နဲ့ ဆက်စပ်တဲ့ Facebook စာမျက်နှာ ဒါမှမဟုတ် အကောင့် ၁၀၃ ခု အပိတ်ခံရပါတယ်။

အိန္ဒိယ၊ ပါကစ္စတန် Facebook စာမျက်နှာတွေ အပိတ်ခံရ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG