သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ အဆိုးဝါးဆုံး ဆိုင်ကလုံး တိုက်ခတ်


Phailin မုန်တိုင်းကိုရှောင်ဖို့ ဘေးလွတ်ရာကို ရှောင်နေကြတဲ့ အိန္ဒိယ ပြည်သူများ။ (အောက်တိုဘာ ၁၃၊ ၂၀၁၃။)
Phailin မုန်တိုင်းကိုရှောင်ဖို့ ဘေးလွတ်ရာကို ရှောင်နေကြတဲ့ အိန္ဒိယ ပြည်သူများ။ (အောက်တိုဘာ ၁၃၊ ၂၀၁၃။)
အိန္ဒိယနိုင်ငံမှာ အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းကြီးကို ကြုံဖူးပြီးသွားပြီလို့ အိန္ဒိယက မိုးလေဝသ ခန့်မှန်းသူတွေက ပြောတဲ့ phailin မုန်တိုင်းကြောင့် လူအနည်းဆုံး ၇ ဦး သေဆုံးသွားရပါတယ်။

မုန်တိုင်းသင့်ဒေသက လာတဲ့ သတင်းတွေအအရ သေဆုံးသူအရေအတွက် မြင့် တက်နိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးမှုတွေဟာ မုန်တိုင်း ကုန်းတွင်းပိုင်းကို မဝင်ခင် မိုးတွေရွာပြီး သစ်ပင်တွေ လဲတာကြောင့် ဖြစ်တယ်လို့ Times of India သတင်းစာက ပြောပါတယ်။ မုန်တိုင်း မကျခင်မှာ လူပေါင်း တသန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြတာကြောင့် အခုလို အသေအပျောက်နည်းရတဲ့ အချက်တချက်ဖြစ်တယ်လို့ ယူဆရပါတယ်။

မုန်တိုင်းသင့် အရှေ့ဘက်ကမ်းရိုးတန်းကို လေငြိမ်သွားတဲ့ တနင်္ဂနွေနေ့ နေ့လည်ပိုင်းလောက်မှာ စစ်တပ် ကယ်ဆယ်ရေးရဟတ်ယာဉ် လွှတ်ပေးမယ်လို့ အိန္ဒိယမိုးဇလဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် L.S. Rathore ပြောထားပါတယ်။ Phailin ဆိုင်ကလုန်းမုန်တိုင်းဟာ တနာရီကို မိုင် ၁၂၀ ကျော်နှုန်းနဲ့ အိန္ဒိယ ကုန်းတွင်းပိုင်းကို စနေညကဝင်ရောက်ခဲ့တာပါ။

သြရိသပြည်နယ်နဲ့ Andhra Pradesh ပြည်နယ်အတွင်းက မုန်တိုင်းဖြတ်သန်း သွားတဲ့ ဒေသတွေမှာ နေထိုင်သူပေါင်း ဆယ်သန်းကျော်ရှိပြီး အခုအခါမှာ Andhra Pradesh ပြည်နယ်မှာ အန္တရာယ် မရှိတော့ဘူးလို့ Mr. Rathore က ပြောပါတယ်။

မုန်တိုင်းဟာ တနင်္ဂနွေညနေပိုင်းမှာတော့ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားပြီ ဖြစ်ပါတယ်။ သြရိသပြည်နယ်နဲ့ Chhattisgarh ပြည်နယ်တွေဘက်မှာ အနောက်မြောက်ဘက်ဆီ ရွေ့လျားသွားနေတဲ့ မုန်တိုင်းကြောင့် တနင်္လာနေ့နှောင်းပိုင်းအထိ မိုးသည်း လေထန်တာတွေ ဆက်ဖြစ်နေဦးမှာပါ။

ဖိုင်လင်းမုန်တိုင်းကြောင့် လျှပ်စစ်နဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက် ကုန်ပြီး သစ်ပင်တွေလည်း အမြစ်လန်လဲကုန်သလို ကမ်းနားကအိမ်တွေမှာ ပျက်စီးမှုတွေဖြစ်၊ စိုက်ခင်းတွေလည်း ပျက်စီးကုန်ရပါတယ်ရှင်။
XS
SM
MD
LG