သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆယ်ကျော်သက် နှစ်ယောက် မုဒိမ်းကျင့် မီးရှို့ခံရ


ဆန္ဒပြနေသူတဦး
ဆန္ဒပြနေသူတဦး

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ်မှာ သောကြာနေ့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကလေး တဦးကို အဓမ္မပြုကျင့်ပြီး မီးနဲ့ပါတင်ရှို့ခဲ့တဲ့အတွက် သူ့ခန္ဓာ ကိုယ် ထက်ဝက်ကျော်မှာ မီးလောင်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရပြီး အသက်မသေအောင် အပြင်းအထန် လုံးပန်းနေရတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အဲဒီပြည်နယ်မှာပဲ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် ကလေးမလေးတဦးကို အဓမ္မပြုကျင့်ပြီး မီးနဲ့ပါတင်ရှို့မှု ဖြစ်ပွါးခဲ့တာပါ။

အသက် ၁၇ နှစ်အရွယ် ကလေးမနဲ့ တရွာထဲနေ အသက် ၁၉ နှစ်အရွယ် ကောင်ကလေးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူဟာ သူ့ကို လက်မခံတဲ့ ကလေးမလေးကို ရေနံဆီလောင်းပြီး မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ် ကလေးမလေးကတော့ လူကြီး ၄ ဦးက ဖမ်းသွားပြီး အုပ်စုလိုက် မုဒိမ်းကျင့်တာ ခံခဲ့ရပြီး နောက်တနေ့ မိဘတွေက ရပ်ရွာလူကြီးကို တိုင်တဲ့အခါ ဒီလူတွေကို ဒဏ်ငွေ ရိုက်ခဲ့တာပါ။ ဒေါ်လာ ၇၅၀ နဲ့ ညီမျှတဲ့ ဒဏ်ငွေဆောင်ဖို့ ဒဏ်ရိုက်တာကို မကျေနပ်ပဲ ဒေါသထွက်ပြီး ကလေးမလေး အိမ်ထဲမှာ ရှိတုန်း အိမ်ကို မီးရှို့ခဲ့တဲ့အတွက် ကလေးမလေး သေဆုံးခဲ့ရပါတယ်။

Jammu ပြည်နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးမလေး အုပ်စုလိုက် မုဒိမ်းကျင့် အသတ်ဖြတ်ခံရပြီးတဲ့နောက် ပေါ်ထွက်လာတဲ့ ဒီအမှု ၂ ခုက အိန္ဒိယ နိုင်ငံရဲ့ အဓမ္မပြုကျင့်လေ့ရှိတဲ့ စရိုက်ကို မီးမောင်း ထိုးပြနေတာမို့ နိုင်ငံတဝှမ်း စိတ်ဆိုး ဒေါသ ထွက်ပြီး အခြေအတင် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG