သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုဒီအစိုးရအပေါ် အယုံကြည်မရှိအဆိုတင်သွင်းမှု  ဒုတိယအကြိမ်ရင်ဆိုင်ရ


အယုံအကြည်မရှိကြောင်း ဒုတိယအကြိမ်မြောက် အဆိုတင်သွင်းခံရတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (ယခင်မှတ်တမ်းဓာတ်ပုံ)
အယုံအကြည်မရှိကြောင်း ဒုတိယအကြိမ်မြောက် အဆိုတင်သွင်းခံရတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (ယခင်မှတ်တမ်းဓာတ်ပုံ)

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာဖြစ်ပွါးခဲ့တဲ့ လူမျိုးရေးပဋိပက္ခနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့တဲ့အတွက် အိန္ဒိယဝန်ကြီးချုပ်နရိန်ဒရာ မိုဒီ (Narendra Modi) ရဲ့ ဘရာတိယ ဂျာနတ ပါတီ (Bharatiya Janata Party) အစိုးရဟာ အင်္ဂါနေ့ ပါလီမန်မှာ အယုံအကြည်မရှိအဆိုနဲ့ ရင်ဆိုင်နေရပါတယ်။ အတိုက်အခံ ၂၆ ပါတီ မဟာမိတ်အဖွဲ့က အဆိုတင်လိုက်တာဖြစ်ပေမဲ့ လွှတ်တော်မှာ အမတ်အများစုနေရာရရှိထားတဲ့ မိုဒီ အစိုးရအတွက် အန္တရာယ်တော့မရှိလှပါဘူး။

အယုံအကြည်မရှိအဆိုဟာ မဲအရေအတွက်-အတွက် မဟုတ်ပါဘူး လို အတိုက်အခံ ကွန်ဂရက်ပါတီ လွှတ်တော်အမတ် ဂါရ ဂိုဂွိုင် (Gaurav Gogoi) က ဆိုပါတယ်။ “မဏိပူရ မီးလောင်ရင် အိန္ဒိယမီးလောင်တာပါပဲ။ မဏိပူရ ကွဲရင်၊ အိန္ဒိယ ကွဲတာပါပဲ။” လို့ သူ က ပြောပါတယ်။ “ဝန်ကြီးချုပ်ဟာ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုသင့်ပါတယ်။” လို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။

မဏိပူရပြည်နယ်မှာ မေးတေး (Meitei) ခေါ် ကသည်းလူမျိုးစုနဲ့ ကူကီလူမျိုးစုကြား ပဋိပက္ခကြောင့် အသက်ပေါင်း ၁၅၀ ဆုံးရှုံးခဲ့ပြီး လူ ၆ သောင်းလောက် အိုးအိမ့်စွန့်ပစ် ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ကူကီလူမျိုးတွေနဲ့ အခြား မျိုးနွယ်စုတွေအတွက် သတ်မှတ်ထားတဲ့မြေနဲ့ အလုပ်တွေကို လူများစုမေသီလူမျိုးတွေလည်း ရရှိအောင်ဆောင်ရွက်ဖို့ မဏိပူရတရားလွှတ်တော်က ဆုံးဖြတ်လိုက်ပြီးတဲ့နောက် လူမျိုးရေးပဋိပက္ခတွေနဲ့ အကြမ်းဖက်တာတွေ ဖြစ်ပေါ်လာခဲ့တာပါ။

အယုံအကြည်မရှိအဆိုကို ကြာသပတေးနေ့မှာ မဲခွဲမှာပါ။ ဒီအခါ ဝန်ကြီးချုပ် မိုဒီ စကားပြောမယ်လို့ မျှော်လင့်ထားကြပါတယ်။ အမတ်နေရာ ၅၄၅ နေရာရှိတဲ့ လွှတ်တော်မှာ ဘီဂျေပီပါတီနဲ့ မဟာမိတ်တွေက ၃၅၀ ကျော် ရရှိထားပါတယ်။ ဒီလို အယုံအကြည်မရှိအဆိုတာ ဒါက မိုဒီရဲ့နှစ်သက်တမ်းအတွင်းမှာ ဒုတိယ အကြိမ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG