သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ- သီရိလင်္ကာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် 


Indian Prime Minister Narendra Modi welcomes Sri Lankan President Ranil Wickremesinghe before their meeting in New Delhi, July 21, 2023.
Indian Prime Minister Narendra Modi welcomes Sri Lankan President Ranil Wickremesinghe before their meeting in New Delhi, July 21, 2023.

အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ သိရီလင်္ကာသမ္မတ Ranil Wickremesinghe တို့ဟာ သောကြာနေ့က နယူးဒေလီမှာ တွေ့ဆုံဆွေးနွေးပြီး နောက်မှာ စွမ်းအင်၊ ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍ ဆိုင်ရာ သဘောတူညီချက် အများအပြားအတွက် သဘောတူ စာချုပ်တွေ ချုပ်ဆိုခဲ့ကြပြီး စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုက်ပါတယ်။

ဒါဟာ သီရိလင်္ကာမှာ စီးပွါးရေးပြဿနာနဲ့ ကြုံခဲ့ရတဲ့နောက် သမ္မတတာဝန်ယူခဲ့တဲ့ သမ္မတ Wickremesinghe ရဲ့ ပထမဆုံး အိန္ဒိယ ခရီးစဉ် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာတည်ရှိပြီး မဟာဗျူဟာကျနေတဲ့ သီရိလင်္ကာနိုင်ငံမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု တိုးနေရာကနေ အခု အိန္ဒိယနဲ့ ဆက်ဆံရေးပြန်ကောင်းအောင် လုပ်ဖို့ လာရောက်တာလည်း ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေးပြဿနာ မပေါ်ခင်က တရုတ်က အခြေခံအဆောက်အဦး စီမံကိန်းတွေ အတွက် မတည်ငွေ ဒေါ်လာ ဘီလီယံချီ သုံးစွဲခဲ့တာကြောင့် အိန္ဒိယက သူ့လုံခြုံရေးအတွက် ထိခိုက်မှာကို စိုးရိမ်ခဲ့ရတာပါ။

အကြပ်အတည်းဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံ အတွက် အိန္ဒိယက အထောက်အကူအဖြစ် မနှစ်က ဒေါ်လာ ၄ ဘီလီယံ ထပ်ပေးခဲ့တဲ့ နောက်မှာ ၂ နိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်လာတာလည်း ဖြစ်ပါတယ်။

သီရိလင်္ကာ သမ္မတနဲ့ အတူပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အိန္ဒိယ ဝန်ကြီးချုပ် Modi က အိမ်နီးချင်း ဖြစ်တဲ့ သီရိလင်္ကာနိုင်ငံဟာ ဒေသတွင်းတည်ငြိမ် သာယာဝပြောရေးအတွက် အရေးပါသလို အိန္ဒိယက သီရိလင်္ကာနိုင်ငံနဲ့ အတူယှဉ်တွဲပြီး အနီးကပ်မိတ်ဆွေ အဖြစ် ရပ်တည်နေကြောင်း ပြောပါတယ်။

သီရိလင်္ကာသမ္မတ Wickremesinghe ကလည်း သူ့ရဲ့ အိန္ဒိယခရီးစဉ်ဟာ ခေတ်သစ်ကမ္ဘာမှာ ၂ နိုင်ငံ စည်ပင်ဝပြောရေး အတွက် ယုံကြည်မှုခိုင်မာစေတာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG