သီရိလကၤာ ဘ႑ာအၾကပ္အတည္း ေျပလည္ေရး အိႏၵိယ ကူညီ
{{Zawgyi/Unicode}}
အိႏၵိယကေန သီရိလကၤာအတြက္ ေခ်းေငြ အာမခံခ်က္ ထပ္မံတိုးျမွင့္ေပးလိုက္တဲ့အတြက္ သီရိလကၤာႏိုင္ငံရဲ႔ အၾကပ္အတည္းကို ေျဖရွင္းဖို႔အတြက္ လိုအပ္ေနတဲ့ ေခ်းေငြ အေမရိကန္ေဒၚလာ ၂ ဒႆမ ၉ ဘီလီယံ ကို IMF ႏိုင္ငံတကာေငြေၾကး ရံပုံေငြအဖဲြ႔ ကေန ေခ်းယူႏိုင္ဖို႔ ပိုမိုနီးစပ္သြားပါတယ္။
IMF ေခ်းေငြကိစၥအတြက္ ကူညီေဆာင္ရြက္သြားမယ္လို႔ သီရိလကၤာႏိုင္ငံမွာ ေရာက္ရွိေနတဲ့ အိႏၵိယျပည္ပေရးရာ၀န္ႀကီး Minister Subrahmanyam Jaishankar က ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။ အိႏၵိယ၀န္ႀကီးဟာ သီရိလၤာကာ သမၼတ Renail Wickremesinghe အပါအ၀င္ အစိုးရ၀န္ႀကီးေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။
အိႏၵိယအေနနဲ႔ အျခားႏိုင္ငံေတြကို ေစာင့္ဆိုင္းမေနေတာ့ပဲ မွန္ကန္တယ္လို႔ ယူဆတဲ့အတြက္ လုပ္ေဆာင္လိုက္တာျဖစ္ပါတယ္။ သီရိလကၤာ ေရွ႕ဆက္ေဆာင္ရြက္ႏိုင္ဖို႔အတြက္ IMF ကိုေငြေၾကးဆိုင္ရာ အာမခံခ်က္တိုးႁမွင့္ပးလိုက္တာ ျဖစ္ပါတယ္ လို႔လည္း ၀န္ႀကီး Subrahmanyanm က ေျပာပါတယ္။ အိႏၵိယဟာ သီရိလကၤာ စီးပြားေရး အၾကပ္အတည္း စတင္ကတည္းက ေငြေၾကးဆိုင္ရာ အာမခံခ်က္ကို ၄ ဘီလီယံ ေဒၚလာအထိ တိုးႁမွင့္ေပးခဲ့ပါတယ္။
IMF ကေန ေခ်းေငြရဖို႔အတြက္ အိႏၵိယလိုပဲ တ႐ုတ္ရဲ႔အာမခံခ်က္လည္း လိုအပ္ပါတယ္။ သီရိလကၤာရဲ႔ ဒုတိယ ဘ႑ာေရး ၀န္ႀကီး Priyantha Ratnayake ကေတာ့ တ႐ုတ္နဲ႔ ေဆြးေႏြးခ်က္အရကေတာ့ မၾကာမီ ရက္အနည္းငယ္အတြင္းမွာ တ႐ုတ္ကလည္း ေငြေၾကးဆိုင္ရာ အာမခံခ်က္ကို တိုးႁမွင့္ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။
သီရိလကၤာမွာ ေခ်းေငြေတြပိၿပီး ေငြေၾကးဆိုင္ရာ အၾကပ္အတည္းေၾကာင့္ ျပီးခဲ့ႏွစ္ထဲမွာ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြျဖစ္ခဲ့ရၿပီး ျပည္ပေႂကြးၿပီး ၇ ဘီလီယံေဒၚလာ ျပန္ဆပ္ဖို႔ကို ဆိုင္းငံထားခဲ့ပါတယ္။
သီရိလင်္ကာ ဘဏ္ဍာအကြပ်အတည်း ပြေလည်ရေး အိန္ဒိယကူညီ
{{Zawgyi/Unicode}}
အိန္ဒိယကနေ သီရိလင်္ကာအတွက် ချေးငွေ အာမခံချက် ထပ်မံတိုးမြှင့်ပေးလိုက်တဲ့အတွက် သီရိလင်္ကာနိုင်ငံရဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် လိုအပ်နေတဲ့ ချေးငွေ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံ ကို IMF နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့ ကနေ ချေးယူနိုင်ဖို့ ပိုမိုနီးစပ်သွားပါတယ်။
IMF ချေးငွေကိစ္စအတွက် ကူညီဆောင်ရွက်သွားမယ်လို့ သီရိလင်္ကာနိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယပြည်ပရေးရာဝန်ကြီး Minister Subrahmanyam Jaishankar က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးဟာ သီရိင်္လာကာ သမ္မတ Renail Wickremesinghe အပါအဝင် အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အိန္ဒိယအနေနဲ့ အခြားနိုင်ငံတွေကို စောင့်ဆိုင်းမနေတော့ပဲ မှန်ကန်တယ်လို့ ယူဆတဲ့အတွက် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ သီရိလင်္ကာ ရှေ့ဆက်ဆောင်ရွက်နိုင်ဖို့အတွက် IMF ကိုငွေကြေးဆိုင်ရာ အာမခံချက်တိုးမြှင့်ပးလိုက်တာ ဖြစ်ပါတယ် လို့လည်း ဝန်ကြီး Subrahmanyanm က ပြောပါတယ်။ အိန္ဒိယဟာ သီရိလင်္ကာ စီးပွားရေး အကြပ်အတည်း စတင်ကတည်းက ငွေကြေးဆိုင်ရာ အာမခံချက်ကို ၄ ဘီလီယံ ဒေါ်လာအထိ တိုးမြှင့်ပေးခဲ့ပါတယ်။
IMF ကနေ ချေးငွေရဖို့အတွက် အိန္ဒိယလိုပဲ တရုတ်ရဲ့အာမခံချက်လည်း လိုအပ်ပါတယ်။ သီရိလင်္ကာရဲ့ ဒုတိယ ဘဏ္ဍာရေး ဝန်ကြီး Priyantha Ratnayake ကတော့ တရုတ်နဲ့ ဆွေးနွေးချက်အရကတော့ မကြာမီ ရက်အနည်းငယ်အတွင်းမှာ တရုတ်ကလည်း ငွေကြေးဆိုင်ရာ အာမခံချက်ကို တိုးမြှင့်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
သီရိလင်္ကာမှာ ချေးငွေတွေပိပြီး ငွေကြေးဆိုင်ရာ အကြပ်အတည်းကြောင့် ပြီးခဲ့နှစ်ထဲမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်ခဲ့ရပြီး ပြည်ပကြွေးပြီး ၇ ဘီလီယံဒေါ်လာ ပြန်ဆပ်ဖို့ကို ဆိုင်းငံထားခဲ့ပါတယ်။