သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ ရွှေ့ပြောင်း ၃၀၀ ကျော် ဗီယက်နမ် ကယ်တင်


ဗီယက်နမ်ကမ်းခြေမှာ မြန်မာ အလံနဲ့ Lady 3 အမည်ရ ငါးဖမ်း သင်္ဘောမှာ ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ပါဝင် (နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၂)
ဗီယက်နမ်ကမ်းခြေမှာ မြန်မာ အလံနဲ့ Lady 3 အမည်ရ ငါးဖမ်း သင်္ဘောမှာ ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ပါဝင် (နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၂)

မြန်မာ အလံတင်ထားတဲ့ Lady 3 အမည်ရှိ ငါးဖမ်း သင်္ဘော နဲ့ သီရိလင်္ကာနိုင်ငံ က ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ကို ဗီယက်နမ် ကမ်းခြေ မှာ ကယ်တင်ခဲ့ရတယ် လို့ ဗီယက်နမ် အာဏာပိုင်တွေ က အင်္ဂါနေ့ က ပြောပါတယ်။

သင်္ဘော က ဗီယက်နမ် တောင်ပိုင်း Vung Tau ကနေ ရေကြောင်းမိုင် ၂၅၀ အကွာ မှာ အခက်အခဲတွေ့ခဲ့ကြောင်း၊ ရေကြောင်းမိုင် ၆၀၀၀ အကွာ က ကနေဒါ နိုင်ငံ ကို ဦးတည်သွားမယ်လို့ ဗီယက်နမ် ပင်လယ်ရေကြောင်း ရှာဖွေရေး နဲ့ ကယ်တင်ရေး ပေါင်းစပ်ညှိုနှိုင်းမှု ဌာန က ပြောပါတယ်။ အင်ဂျင်ခန်းထဲ ကို ရေဝင်လာခဲ့ပြီး၊ နိုဝင်ဘာ ၅ ရက်နေ့ကတည်း က ပြင်လို့ မရခဲ့ဘူး လို့ အဆိုပါ ဌာန က ဆိုပါတယ်။ ကလေး ၂၀ အပါအဝင် လူအားလုံး ၃၀၃ ယောက် သင်္ဘော ပေါ်မှာ တွေ့ရှိရပါတယ်။ မာလိန်မှူး က တနင်္လာနေ့ မှာ အကူအညီစတောင်းခဲ့တာ ဖြစ်ပြီး၊ ဗီယက်နမ် တောင်ပိုင်း က Vung Tau ကို ခေါ်ဆောင်လာခဲ့တယ်လို့ အာဏာပိုင်တွေ က ပြောပါတယ်။

နိုင်ငံခြား ကြွေးတွေ တင်နေတဲ့ သီရိလင်္ကာ နိုင်ငံ မှာ မရှိမဖြစ် ပစ္စည်းတွေ ကို တင်သွင်းဖို့ နိုင်ငံခြား သုံးငွေ မရှိဖြစ်ပြီး၊ စားနပ်ရိက္ခာ၊ လောင်စာ နဲ့ ဆေးဝါးတွေ ပြတ်လပ်နေခဲ့ပါတယ်။ ငွေဖောင်းပွမှု ကြီးမားခဲ့ပြီး၊ လျှပ်စစ်မီး ပြတ်တောင် အမှောင် ကျခဲ့ပါတယ်။ စီးပွါးရေး အကျပ်အတည်း သံသရာကြောင့် ဥပဒေ နဲ့ မညီ နိုင်ငံ ကို စွန့်ခွါ ထွက်ပြေးကြတယ် လို့ တာဝန်ရှိသူတွေ က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}





XS
SM
MD
LG