သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာကို ျပန္လာသူ သမၼတေဟာင္း Rajapaksa တရားစဲြခံရဖြယ္ရွိ


Don Mueaung ေလဆိပ္အျပင္ဖက္မွာေတြ႔ရတဲ့ သီရိလကၤာသမၼတေဟာင္း Gotabaya Rajapaksa၊ ၾသဂုတ္ ၁၁၊ ၂၀၂၂

သီရိလကၤာႏိုင္ငံကို ေသာၾကာေန႔ညက ျပန္လည္ေရာက္ရွိလာတဲ့ သမတေဟာင္း Gotabaya Rajapaksa ဟာ ႏိုင္ငံေရး လႈပ္ရွားသူတခ်ိဳ႔ ေပ်ာက္ဆုံးေနတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ဥပေဒေၾကာင္းအရ တရားရင္ဆိုင္ရႏိုင္တယ္လို႔ နစ္နာဆုံးသူေတြဘက္က လိုက္ပါေဆာင္ရြက္ေပးတဲ့ ေရွ႔ေနကေျပာဆိုပါတယ္။ 

သီရိလကၤာကို ျပန္လာသူ သမၼတေဟာင္း Rajapaksa တရားစဲြခံရဖြယ္ရွိ

{{Zawgyi/Unicode}}
သီရိလကၤာႏိုင္ငံကို ေသာၾကာေန႔ညက ျပန္လည္ေရာက္ရွိလာတဲ့ သမတေဟာင္း Gotabaya Rajapaksa ဟာ ႏိုင္ငံေရး လႈပ္ရွားသူတခ်ိဳ႔ ေပ်ာက္ဆုံးေနတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ဥပေဒေၾကာင္းအရ တရားရင္ဆိုင္ရႏိုင္တယ္လို႔ နစ္နာဆုံးသူေတြဘက္က လိုက္ပါေဆာင္ရြက္ေပးတဲ့ ေရွ႔ေနကေျပာဆိုပါတယ္။

သီရိလကၤာႏိုင္ငံမွာ စီးပြားေရး ၾကပ္တည္းမႈေၾကာင့္ ျပည္သူေတြရဲ႔ ဆႏၵျပပဲြေတြျပင္းထန္လာခဲ့ၿပီး လြန္ခဲ့တဲ့ ဇူလိုင္လထဲတုန္း က တိုင္းျပည္ကေန ထြက္ေျပးသြားတဲ့ သမတေဟာင္း Rajapaksa ဟာ ထိုင္းႏိုင္ငံကေန ေသာၾကာေန႔ ညသန္းေခါင္ အခ်ိန္ေလာက္မွာ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး၊ စစ္တပ္အေစာင့္ေရွာက္နဲ႔ ကိုလံဘိုၿမိဳ႔ေတာ္က သူရဲ႔ေနအိမ္အသစ္ကို ေရာက္ရွိသြားပါတယ္။

ႏိုင္ငံေရး လႈပ္ရွားသူ လူငယ္ႏွစ္ဦး ေပ်ာက္ဆုံးေနတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ေရွ႔လာမဲ့ ရက္သတၱပတ္အတြင္း တရား႐ုံးခ်ဳပ္ကေန လာေရာက္ထြက္ဆိုဖို႔ သမၺန္စာ ဆင့္ဆိုလိမ့္မယ္လို႔ ေပ်ာက္ဆုံးေနတဲ့ လူငယ္ေတြရဲ႔ မိသားစုေတြဘက္ လိုက္ပါေဆာင္ရြက္ေပးတဲ့ ေရွ႕ေန Nuwan Bopage ကေျပာဆိုပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္လထဲမွာ ကတည္းက သမၺန္စာ ဆင့္ဆိုဖို႔လုပ္ေနစဥ္မွာ သူထြက္ေျပးသြားခဲ့တာျဖစ္ပါတယ္။

ဒီလူငယ္ႏွစ္ဦးေပ်ာက္ဆုံးသြားမႈဟာ လြန္ခဲ့တဲ့ ၁၂ ႏွစ္ကျဖစ္ခဲ့တာျဖစ္ၿပီး၊ သူ႔အကိုအႀကီး သမတျဖစ္ေနစဥ္၊ သူကာကြယ္ေရး၀န္ႀကီးဌာနမွာတာန္ထမ္းေဆာင္ခဲ့စဥ္ကျဖစ္ခဲ့တာပါ။

သူဟာ သမတျဖစ္ေနစဥ္က ဖဲြ႕စည္းပုံစည္းမ်ဥ္းအရေပးအပ္ထားတဲ လြတ္ၿငိမ္းခြင့္ရွိခဲ့တဲ့အတြက္ သူ႔ကိုစဲြဆိုထားတဲ့ အမႈေတြမရွိခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

...............................................................................

သီရိလင်္ကာကို ပြန်လာသူ သမ္မတဟောင်း Rajapaksa တရားစွဲခံရဖွယ်ရှိ

{{Zawgyi/Unicode}}
သီရိလင်္ကာနိုင်ငံကို သောကြာနေ့ညက ပြန်လည်ရောက်ရှိလာတဲ့ သမတဟောင်း Gotabaya Rajapaksa ဟာ နိုင်ငံရေး လှုပ်ရှားသူတချို့ ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ တရားရင်ဆိုင်ရနိုင်တယ်လို့ နစ်နာဆုံးသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေကပြောဆိုပါတယ်။

သီရိလင်္ကာနိုင်ငံမှာ စီးပွားရေး ကြပ်တည်းမှုကြောင့် ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေပြင်းထန်လာခဲ့ပြီး လွန်ခဲ့တဲ့ ဇူလိုင်လထဲတုန်း က တိုင်းပြည်ကနေ ထွက်ပြေးသွားတဲ့ သမတဟောင်း Rajapaksa ဟာ ထိုင်းနိုင်ငံကနေ သောကြာနေ့ ညသန်းခေါင် အချိန်လောက်မှာ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ စစ်တပ်အစောင့်ရှောက်နဲ့ ကိုလံဘိုမြို့တော်က သူရဲ့နေအိမ်အသစ်ကို ရောက်ရှိသွားပါတယ်။

နိုင်ငံရေး လှုပ်ရှားသူ လူငယ်နှစ်ဦး ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှေ့လာမဲ့ ရက်သတ္တပတ်အတွင်း တရားရုံးချုပ်ကနေ လာရောက်ထွက်ဆိုဖို့ သမ္ဗန်စာ ဆင့်ဆိုလိမ့်မယ်လို့ ပျောက်ဆုံးနေတဲ့ လူငယ်တွေရဲ့ မိသားစုတွေဘက် လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ Nuwan Bopage ကပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ကတည်းက သမ္ဗန်စာ ဆင့်ဆိုဖို့လုပ်နေစဉ်မှာ သူထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

ဒီလူငယ်နှစ်ဦးပျောက်ဆုံးသွားမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကဖြစ်ခဲ့တာဖြစ်ပြီး၊ သူ့အကိုအကြီး သမတဖြစ်နေစဉ်၊ သူကာကွယ်ရေးဝန်ကြီးဌာနမှာတာန်ထမ်းဆောင်ခဲ့စဉ်ကဖြစ်ခဲ့တာပါ။

သူဟာ သမတဖြစ်နေစဉ်က ဖွဲ့စည်းပုံစည်းမျဉ်းအရပေးအပ်ထားတဲ လွတ်ငြိမ်းခွင့်ရှိခဲ့တဲ့အတွက် သူ့ကိုစွဲဆိုထားတဲ့ အမှုတွေမရှိခဲ့ပါဘူး။

XS
SM
MD
LG