သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာ သမၼတေဟာင္း ထိုင္းမွာ ယာယီေနထိုင္ခြင့္ေတာင္း


(Zawgyi / Unicode)

သီရိလကၤာသမၼတေဟာင္း Gotabaya Rajapaksa က ထုိင္းႏုိင္ငံမွာ ယာယီေနထုိင္ခြင့္ ေတာင္းခံထားေၾကာင္း ထိုင္းႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ေျပာဆိုလိုက္ပါတယ္။ ဒါေပမဲ့ ႏုိင္ငံေရးခိုလႈံခြင့္ ေတာင္းတာ မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။ စကၤာပူႏုိင္ငံကို ေရာက္ရွိေနတဲ့ မစၥတာ Rajapaksa ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ ႔ကို ၾကာသပေတးေန႔မွာ ေရာက္ရွိလာမယ္လုိ႔ခန္႔မွန္းရပါတယ္။

ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြ အတြင္း အဆိုးရြားဆုံး စီးပါြးေရး အက်ပ္အတည္းေတြ သီရိလကၤာႏုိင္ငံမွာ ေပၚေပါက္ခဲ့တာေၾကာင့္ လူထုဆႏၵျပပြဲေတြ အႀကီးအက်ယ္ေပၚေပါက္လာရာက ဇူလုိင္လလယ္ေလာက္မွာ သမၼတေဟာင္း Gotabaya Rajapaksa စကၤာပူႏုိင္ငံကို ထြက္ေျပးတိမ္းေရွာင္လာခဲ့တာပါ။

ေထာင္နဲ႔ခ်ီတဲ့ လမ္းေပၚထြက္ဆႏၵျပသူေတြက သမၼတအိမ္ေတာ္နဲ႔ သမၼတရုံးကိုပါ ခ်ိဳးဖ်က္၀င္ေရာက္ခဲ့ၾကပါတယ္။ ဇူလုိင္လထဲမွာပဲသမၼတရာထူးကေန မစၥတာ Rajapaksa ႏုတ္ထြက္ခဲ့တဲ့အတြက္ သမၼတသက္တမ္းမကုန္ခင္ ရာထူးကႏုတ္ထြက္တဲ့ ပထမဆုံး သမၼတျဖစ္လာပါတယ္။

စကၤာပူအစိုးရ ကလည္း သမၼတေဟာင္း Rajapaksa ကို ဘယ္လို အထူးအခြြင့္အေရးမ်ိဳးမွ ေပးထားတာမ်ိဳးမရွိဘူးလို႔ ဒီလထဲမွာပဲ ေျပာခဲ့ပါတယ္။ မစၥတာ Rajapaksa အေနနဲ႔ သံတမန္ႏုိင္ငံကူးလက္မွတ္နဲ႔ ထုိင္းႏုိင္ငံမွာ ရက္ ၉၀ ေနထုိင္ခြင့္ရွိတယ္္လို႔ ထုိုင္းႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Tanee Sangrat ကေျပာပါတယ္။

ထိုင္းႏိုင္ငံကို သီရိလကၤာသမၼတေဟာင္း ယာယီလာေရာက္ေနထုိင္မွာျဖစ္ၿပီး ႏုိင္ငံေရးခိုလႈံခြင့္ေလွ်ာက္ထားဖို႔ ရည္ရြယ္ခ်က္မရွိသလို အျခားတုိင္းျပည္တခုကို ဆက္ၿပီးထြက္ခြါလိမ့္မယ္လို႔ သိီရိလကၤာဖက္က အေၾကာင္းၾကားလာတယ္လို႔ ထုိင္းႏုိင္ငံျခားေရးဌာနေျပာခြင့္ရသူက ဆိုပါတယ္။ ဒီခရီးစဥ္နဲ႔ပတ္သက္လု႔ိ Rajapaksa ဖက္က ေၾကညာခ်က္ထုတ္ျပန္တာမ႐ွိသလို သီရိလကၤာႏုိင္ငံကေန တိ္မ္းေရွာင္သြားၿပီးတဲ့ေနာက္ပိုင္း လူျမင္ကြင္းမွာလည္း သူ႔ကို မေတြ႔ရပါဘူး။ လက္ရွိသိရိလကၤာသမၼတျဖစ္လာတဲ့ Ranil Wickremesinghe ကလည္း သမၼတေဟာင္း Rajapaksa အေနနဲ႔ သိီရိလကၤာႏုိ္္င္ငံကို ျပန္လာဖို႔မသင့္ဘူးလို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

သီရိလင်္ကာသမ္မတဟောင်း ထိုင်းမှာ ယာယီနေထိုင်ခွင့်တောင်း

သီရိလင်္ကာသမ္မတဟောင်း Gotabaya Rajapaksa က ထိုင်းနိုင်ငံမှာ ယာယီနေထိုင်ခွင့် တောင်းခံထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းတာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ Rajapaksa ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ကြာသပတေးနေ့မှာ ရောက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း အဆိုးရွားဆုံး စီးပါွးရေး အကျပ်အတည်းတွေ သီရိလင်္ကာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တာကြောင့် လူထုဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်လာရာက ဇူလိုင်လလယ်လောက်မှာ သမ္မတဟောင်း Gotabaya Rajapaksa စင်္ကာပူနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာခဲ့တာပါ။ ထောင်နဲ့ချီတဲ့ လမ်းပေါ်ထွက်ဆန္ဒပြသူတွေက သမ္မတအိမ်တော်နဲ့ သမ္မတရုံးကိုပါ ချိုးဖျက်ဝင်ရောက်ခဲ့ကြပါတယ်။ ဇူလိုင်လထဲမှာပဲသမ္မတရာထူးကနေ မစ္စတာ Rajapaksa နုတ်ထွက်ခဲ့တဲ့အတွက် သမ္မတသက်တမ်းမကုန်ခင် ရာထူးကနုတ်ထွက်တဲ့ ပထမဆုံးသမ္မတဖြစ်လာပါတယ်။

စင်္ကာပူအစိုးရ ကလည်း သမ္မတဟောင်း Rajapaksa ကို ဘယ်လို အထူးအခွင့်အရေးမျိုးမှ ပေးထားတာမျိုးမရှိဘူးလို့ ဒီလထဲမှာပဲ ပြောခဲ့ပါတယ်။ မစ္စတာ Rajapaksa အနေနဲ့ သံတမန်နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံမှာ ရက် ၉၀ နေထိုင်ခွင့်ရှိတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနပြောခွင့်ရ Tanee Sangrat ကပြောပါတယ်။ ထိုင်းနိုင်ငံကို သီရိလင်္ကာသမ္မတဟောင်း ယာယီလာရောက်နေထိုင်မှာဖြစ်ပြီး နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားဖို့ ရည်ရွယ်ချက်မရှိသလို အခြားတိုင်းပြည်တခုကို ဆက်ပြီးထွက်ခွါလိမ့်မယ်လို့ သီရိလင်္ကာဖက်က အကြောင်းကြားလာတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနပြောခွင့်ရသူက ဆိုပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်လု့ိ Rajapaksa ဖက်က ကြေညာချက်ထုတ်ပြန်တာမရှိသလို သီရိလင်္ကာနိုင်ငံကနေ တိမ်းရှောင်သွားပြီးတဲ့နောက်ပိုင်း လူမြင်ကွင်းမှာလည်း သူ့ကို မတွေ့ရပါဘူး။ လက်ရှိသိရိလင်္ကာသမ္မတဖြစ်လာတဲ့ Ranil Wickremesinghe ကလည်း သမ္မတဟောင်း Rajapaksa အနေနဲ့ သီရိလင်္ကာနို်င်ငံကို ပြန်လာဖို့မသင့်ဘူးလို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG