သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယမွာ Semiconductor ထုတ္လုပ္ေရး ေဒၚလာ ၂၀ ဘီလီယံနီးပါး ထိုင္ဝမ္ကုမၸဏီ ရင္းႏွီးျမွဳပ္ႏွံမည္


တရုတ္ႏိုင္ငံ Beijing ၿမိဳ႕က Research စင္တာ တခုမွာ ေတြ႔ရတဲ့ Semiconductor ေခၚ တစ္ပိုင္းလွ်ပ္ကူးပစၥည္း။ (ေဖေဖာ္ဝါရီ ၂၉၊ ၂၀၁၆)

အိႏိၵယရဲ႕ Semiconductor ေခၚ တစ္ပိုင္းလွ်ပ္ကူးပစၥည္းထုတ္လုပ္မႈဟာ ေဒၚလာဘီလီယံ ထိုင္ဝမ္ရင္းႏွီးျမွဳပ္ႏွံမႈသစ္နဲ႔အတူ အရွိန္စရလာပါၿပီ။

ထိုင္ဝမ္လွ်ပ္စစ္ကုမၸဏီတခုက ေဒၚလာ ၁၉.၅ ဘီလီယံ အိႏိၵယမွာ ရင္းႏွီးျမွဳပ္ႏွံမယ္လို႔ ဒီအပတ္ထဲေၾကညာခဲ့အၿပီး ကမာၻ႔ တပိုင္းလွ်ပ္ကူးပစၥည္းထုတ္လုပ္မႈ ေစ်းကြက္ၿပိဳင္ဆိုင္မႈထဲ အိႏိၵယ အရွိန္စရလာတာပါ။

ထိုင္ဝမ္ရဲ႕ Foxconn ကုမၸဏီ နဲ႔ အိႏိၵယရဲ႕ Vedanta စုေပါင္းကုမၸဏီႀကီးတို႔ ဖက္စပ္လုပ္မဲ့ ကြန္ျပဴတာ Chip အျပားထုတ္ ဒီ လွ်ပ္ကူးပစၥည္းစက္ရံုကို အိႏိၵယဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ ဇာတိျပည္နယ္ Gujarat မွာ တည္ေဆာက္မွာပါ။

ေနာက္ ၂ ႏွစ္ၾကာ ၂၀၂၄ ခုႏွစ္မွာ စလည္ပတ္ႏိုင္ဖို႔ စီစဥ္ထားတဲ့ ဒီ စက္ရံုတည္ေဆာက္ေရးသေဘာတူခ်က္ကို ဝန္ႀကီးခ်ဳပ္ Modi က အိႏိၵယရဲ႕ တပိုင္းလွ်ပ္ကူးပစၥည္းထုတ္လုပ္ေရး ရည္မွန္းခ်က္ျမႇင့္တင္ေရး၊ အေရးပါတဲ့ ေျခလွမ္းလို႔ တြစ္တာကေန တေန႔က ေျပာခဲ့ပါတယ္။

လက္ကိုင္ဖုန္းကေန ကားထုတ္လုပ္ေရးအထိ အေရးပါလာတဲ့ ဒီ ကြန္ပ်ဴတာ Chip အျပားထုတ္လုပ္မႈဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျပတ္ေတာက္မႈၾကံဳလာအၿပီး၊ ကမာၻ႔အၿပိဳင္ထုတ္လုပ္ေရးထဲပါဖို႔ အိႏိၵယအေနနဲ႔ မႏွစ္ ဒီဇင္ဘာလမွာ ေဒၚလာ ၁၀ ဘီလီယံ ရင္းႏွီးျမႈပ္ႏွံခဲ့ပါတယ္။

ဒီ ေခာတ္မီလွ်ပ္ကူးပစၥည္းထုတ္လုပ္မႈမွာ တ႐ုတ္၊ ထိုင္ဝမ္နဲ႔ ေတာင္ကိုရီးယားတို႔က ကမာၻ႔ေစ်းကြက္ကို ဦးေဆာင္ထားခ်ိန္မွာ၊ ႐ုရွားက်ဳးေက်ာ္စစ္နဲ႔ တ႐ုတ္နဲ႔တင္းမာမႈေတြေၾကာင့္ ဒီထုတ္လုပ္မႈအကန္႔အသတ္ကို ေက်ာ္လႊားေရး အိႏၵိယလည္း စပါလာတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယမှာ Semiconductor ထုတ်လုပ်ရေး ဒေါ်လာ ၂၀ ဘီလီယံနီးပါး ထိုင်ဝမ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမည်

အိန္ဒိယရဲ့ Semiconductor ခေါ် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုဟာ ဒေါ်လာဘီလီယံ ထိုင်ဝမ်ရင်းနှီးမြှုပ်နှံမှုသစ်နဲ့အတူ အရှိန်စရလာပါပြီ။

ထိုင်ဝမ်လျှပ်စစ်ကုမ္ပဏီတခုက ဒေါ်လာ ၁၉.၅ ဘီလီယံ အိန္ဒိယမှာ ရင်းနှီးမြှုပ်နှံမယ်လို့ ဒီအပတ်ထဲကြေညာခဲ့အပြီး ကမ္ဘာ့ တပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှု ဈေးကွက်ပြိုင်ဆိုင်မှုထဲ အိန္ဒိယ အရှိန်စရလာတာပါ။

ထိုင်ဝမ်ရဲ့ Foxconn ကုမ္ပဏီ နဲ့ အိန္ဒိယရဲ့ Vedanta စုပေါင်းကုမ္ပဏီကြီးတို့ ဖက်စပ်လုပ်မဲ့ ကွန်ပြူတာ Chip အပြားထုတ် ဒီ လျှပ်ကူးပစ္စည်းစက်ရုံကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဇာတိပြည်နယ် Gujarat မှာ တည်ဆောက်မှာပါ။

နောက် ၂ နှစ်ကြာ ၂၀၂၄ ခုနှစ်မှာ စလည်ပတ်နိုင်ဖို့ စီစဉ်ထားတဲ့ ဒီ စက်ရုံတည်ဆောက်ရေးသဘောတူချက်ကို ဝန်ကြီးချုပ် Modi က အိန္ဒိယရဲ့ တပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေး ရည်မှန်းချက်မြှင့်တင်ရေး၊ အရေးပါတဲ့ ခြေလှမ်းလို့ တွစ်တာကနေ တနေ့က ပြောခဲ့ပါတယ်။

လက်ကိုင်ဖုန်းကနေ ကားထုတ်လုပ်ရေးအထိ အရေးပါလာတဲ့ ဒီ ကွန်ပျူတာ Chip အပြားထုတ်လုပ်မှုဟာ ကိုဗစ်ကပ်ရောဂါကြောင့် ပြတ်တောက်မှုကြုံလာအပြီး၊ ကမ္ဘာ့အပြိုင်ထုတ်လုပ်ရေးထဲပါဖို့ အိန္ဒိယအနေနဲ့ မနှစ် ဒီဇင်ဘာလမှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

ဒီ ခောတ်မီလျှပ်ကူးပစ္စည်းထုတ်လုပ်မှုမှာ တရုတ်၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယားတို့က ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်ထားချိန်မှာ၊ ရုရှားကျုးကျော်စစ်နဲ့ တရုတ်နဲ့တင်းမာမှုတွေကြောင့် ဒီထုတ်လုပ်မှုအကန့်အသတ်ကို ကျော်လွှားရေး အိန္ဒိယလည်း စပါလာတာပါ။

XS
SM
MD
LG