သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော ရေချဖွင့်လှစ် 


9月2号,印度科欣国营造船厂为印度海军首艘国产航母“维克兰特”号(INSVikrant)举行隆重的服役仪式。
9月2号,印度科欣国营造船厂为印度海军首艘国产航母“维克兰特”号(INSVikrant)举行隆重的服役仪式。

 ဒေသတွင်း ပြိုင်ဖက် တရုတ်နိုင်ငံ ရဲ့ကြီးထွားလာတဲ့ ရေတပ် အင်အားကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက ပထမဆုံး ပြည်တွင်းမှာ ထုတ်လုပ်တဲ့ လေယာဉ်တင် သင်္ဘောကို ရေချလိုက်ပါတယ်။ 

အိန္ဒိယမှာ ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော ရေချဖွင့်လှစ်

{{Zawgyi/Unicode}}
ဒေသတွင်း ပြိုင်ဖက် တရုတ်နိုင်ငံ ရဲ့ကြီးထွားလာတဲ့ ရေတပ် အင်အားကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက ပထမဆုံး ပြည်တွင်းမှာ ထုတ်လုပ်တဲ့ လေယာဉ်တင် သင်္ဘောကို ရေချလိုက်ပါတယ်။

အဲဒီလို ရည်ရွယ်ချက်အပြင် နိုင်ငံခြားကနေ စစ်ဖက်ဆိုင်ရာ အသုံးအဆောင်တွေကို အကြီးအကျယ် မှီခိုနေရတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ကိုယ်ပိုင် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်နိုင်တဲ့ စွမ်းရည်ကို တိုးချဲ့လုပ်ဆောင်ဖို့ အတွက်လည်း ဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်း Kerala ပြည်နယ် မှာ အရှည်၂၆၂ မီတာ အကျယ် မီတာ ၆ဝ ရှိတဲ့ ဟင်ဒီလို Vikrant "ရဲစွမ်းသတ္တိရှိသူ" လို့ အမည်ပေးထားတဲ့ အဲဒီ ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောကို ဝန်ကြီးချုပ် Narendra Modi ကိုယ်တိုင် သောကြာနေ့က အခမ်းအနားနဲ့ ဖွင့်လျှစ် ရေချပေးခဲ့ပါတယ်။

အဲဒီသင်္ဘောအတွက် ကုန်ကျစာရိတ်ဟာ ဒေါ်လာသန်းပေါင်း ၂ထောင် ၅ ရာ ကုန်ကျပြီး ဂျက်တိုက်လေယာဉ်တွေ နဲ့ ရဟတ်ယာဉ်တွေ အပါအဝင် စစ်လေယာဉ် ၃ဝ တင်ဆောင်ကာ ရေတပ်ဖွဲ့ဝင်ပေါင်း ၁ ၆ဝဝ ဝန်ကျင် အမှုထမ်းကြမှာဖြစ်ပါတယ်။

အဲဒီလေယာဉ်တင် သင်္ဘောရဲ့ အစိတ်အပိုင်း ၇၅ ရာခိုင်နှုန်းကျော် ကို ပြည်တွင်းမှာ ထုတ်လုပ်ခဲ့ပါတယ်။ သင်္ဘောတည်ဆောက်မှု နဲ့ စမ်းသပ်မူဟာ ၁၇ နှစ်ကျော်ကြာမြင့်ခဲ့ပြီး ရေကြောင်းမှာ စမ်းသပ်မှုက တနှစ်ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း သင်္ဘောပေါ်မှာ တင်ဆောင် အသုံးပြုမဲ့ ဂျက်တိုက်လေယာဉ် လုံလုံလောက်လောက်မရှိသေးတဲ့အတွက်ကြောင့် ဒီနှစ်ကုန်တိုင်အောင် အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်မှာ မဟုတ်သေးဘူးလို့ ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူ Rahul Bedi က VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

...................................................


{{Zawgyi/Unicode}}






XS
SM
MD
LG