သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမြောက်ပိုင်း ဘာသာရေးပွဲတော် လူအုပ်ပြိုပိလို့ ၁၀၀ ကျော်သေဆုံး 


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်နားက ဟိန္ဒူဘာသာရေးပွဲမှာ လူအုပ်ပြိုကျပြီး အချင်းချင်းနင်းမိရာက ထိခိုက်သေဆုံးမှုမှတ်တမ်း။ (ဇူလိုင် ၂၊ ၂၀၂၄/ အေပီ)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်နားက ဟိန္ဒူဘာသာရေးပွဲမှာ လူအုပ်ပြိုကျပြီး အချင်းချင်းနင်းမိရာက ထိခိုက်သေဆုံးမှုမှတ်တမ်း။ (ဇူလိုင် ၂၊ ၂၀၂၄/ အေပီ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း Hathras ခရိုင် ဘာသာရေးပွဲတော်အတွင်း အင်္ဂါနေ့မှာ အချင်းချင်းတက်နင်းမိကြရာက လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥဿာပရာဒက်ရှ်ပြည်နယ်ရဲနဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
အိန္ဒိယ မြို့တော်နယူးဒေလီရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာက ရွာတရွာမှာ ဖြစ်ပွါးခဲ့တာဖြစ်ကြောင်း ခရိုင်တရားသူကြီး Ashish Kumar က သတင်းထောက်တွေကို ပြောပါတယ်။ ဒေသခံ ဘာသာရေးခေါင်းဆောင် Bhole Baba ဦးစီးကျင်းပတဲ့ ဟိန္ဒူပွဲတော် ကနေ လူတွေတိုးတိုက်ထွက်ကြရာက ခုလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ လူ ၅,၀၀၀ လောက်ပဲလက်ခံနိုင်တဲ့ ယာယီတဲနန်းမှာ လူ ၁၅,၀၀၀ တက်ရောက်ခဲ့ကြတယ်လို့ အေပီသတင်းက ပြောပါတယ်။

လူသိပ်များသွားတာ အကြောင်းတခုဖြစ်ဖွယ်ရှိတယ်လို့ ရဲကတော့ ဆိုပါတယ်။ သဲမုန်တိုင်းဟာလည်း လူတွေ မမြင်မကန်းဖြစ်သွားစေတဲ့ အကြောင်းတရပ်ဖြစ်နိုင်ပါတယ်လို့ အေအက်ဖ်ပီ သတင်းက ပြောပါတယ်။

လူအုပ်ကြီး တဲနန်းကအထွက်မှာ တချို့က လမ်းရဲ့တဘက်က မြောင်းထဲပြုတ်ကျသွားကြပြီး တခြားသူတွေ ထပ်ကျရာက လူပိ သေဆုံးကြတာဖြစ်တယ်လို့ မျက်မြင် သက်သေတယောက်က Press Trust of India သတင်းဌာနကို ပြောပါတယ်။ သေဆုံးတဲ့အထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အတော်များများပါတယ်လို့ သိရပါတယ်။

Forum

XS
SM
MD
LG