သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမြောက်ပိုင်း ရထားလမ်းချော်မှု လူ ၁၀၀ နီးပါး သေဆုံး


အိန္ဒိယမြောက်ပိုင်း ရထားလမ်းချော်မှု
အိန္ဒိယမြောက်ပိုင်း ရထားလမ်းချော်မှု

အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ ရထားတစီး လမ်းချော်တိမ်းမှောက်တာကြောင့် အနည်းဆုံး လူ ၉၆ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာ ရပါတယ်။ ဥတာပရာဒက်ရှ် ပြည်နယ် Kanpur အနီးမှာ ဒီကနေ့ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ရထားလမ်းချော်ခဲ့တာ ဖြစ်ပါတယ်။

ဆိုးဆိုးရွားရွား ပျက်စီးခဲ့တဲ့ ရထားတွဲတွေထဲကနေ အသက်ရှင် ကျန်ရစ်သူတွေ ရှိလို ရှိငြား ကယ်ဆယ်ရေး လုပ်သားတွေနဲ့ အကူအညီပေးသေူတွေ ရှာဖွေနေကြဆဲပါ။ အခင်းဖြစ်တဲ့ နေရာမှာ အရေးပေါ် ကားတွေလည်း ဒါဇင်နဲ့ချီပြီး အဆင်သင့် ရှိနေပါတယ်။ ရထားတွဲ ၁၄ တွဲ လမ်းချော်ထွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အသက်ရှင် လွတ်မြောက်လာတဲ့ ကျောင်းသူ တဦးကတော့ သူမနဲ့ အတူ စီးနင်းလိုက်ပါလာရင်း သေဆုံးခဲ့ရတဲ့ ခရီးသည်တွေရဲ့ ပုံရိပ်တွေက သူမစိတ်ထဲမှာ ကာလရှည် စွဲထင်နေမှာ ဖြစ်ပြီး သိပ်ကို ခြောက်ခြားစေတယ်လို့ ပြင်သစ် သတင်းဌာနကို ပြောဆိုပါတယ်။ အိန္ဒိယ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရထားလမ်း ကွန်ယက်ကို အများဆုံး အသုံးပြုတဲ့ နိုင်ငံ တခု ဖြစ်ပေမယ်လို့ ဘဏ္ဍာရေး ထောက်ပံ့မှုက အားနည်းလှပြီး မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်ပွားနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG