သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ သံတမန်အမှု ရုပ်သိမ်းဖို့ ကန်ကိုတောင်းဆို


အိန္ဒိယသံတမန် Devyani Khobragade
အိန္ဒိယသံတမန် Devyani Khobragade
ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ လိမ်လည်တဲ့စွဲချက်နဲ့ နယူးယောက်မြို့မှာ အဖမ်းခံခဲ့ရတဲ့ အိန္ဒိယသံတမန်ရဲ့အမှုကို ပယ်ဖျက်ဖို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုကို တောင်းဆိုထားပါတယ်။

Devyani Khobragade အပေါ် အမေရိကန်က တရားစွဲဆိုစရာ အမှုရှိတယ်လို့ အိန္ဒိယအနေနဲ့ မယုံကြည်တဲ့အကြောင်း အိန္ဒိယ နိုင်ငံခြားရေးရာဝန်ကြီး Salman Khurshid က သတင်းထောက်တွေကို ကြာသပတေးနေ့မှာ ပြောပါတယ်။ Khobragade ကို သာမန် ရာဇဝတ်သားတစ်ဦးလို ပြုမူ ဆက်ဆံခဲ့တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

Khobragade အပေါ် စွဲတင်ထားတဲ့အမှုအားလုံးကို ချက်ခြင်းရုပ်သိမ်းပေးဖို့ အိန္ဒိယက တောင်းဆိုထားကြောင်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီနဲ့ ကြာသပတေးနေ့နှောင်းပိုင်းမှာ သူစကားပြောမယ်လို့ ဝန်ကြီး Khurshid က ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် Khobragade ဟာ သူ့ရဲ့အိမ်အကူလုပ်သားအဖြစ် လုပ်ကိုင်ဖို့ အမေရိကန်ပြည်ထောင်စုဆီ ခေါ်ယူခဲ့တဲ့ အိန္ဒိယနိုင်ငံသားရဲ့ ပြည်ဝင်ခွင့်ဗီဇာလျှောက်လွှာမှာ အချက်အလည်တွေ လိမ်လည်ဖော်ပြခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

Devyani Khobragade အပေါ် တခြားလူတွေထက် အများကြီးပိုတဲ့ ယဉ်ယဉ်ကျေးကျေး အပြုအမူနဲ့ ဆက်ဆံခဲ့ပါတယ်လို့ မန်ဟက်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စုရှေ့နေ Preet Bharara က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် တစ်စောင် ထုတ်ပြန်ပြီးပြောခဲ့ပါတယ်။ အခုဖြစ်ရပ်ကြောင့် အမေရိကန်-အိန္ဒိယ ဆက်ဆံရေးမှာ အစွန်းအထင်းဖြစ်နေရပါတယ်။
XS
SM
MD
LG