သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ရေရှားပါးမှု အခက်ကြုံ


အိန္ဒိယနိုင်ငံမှာ ရာသီဥတု ပူပြင်းလွန်းတဲ့အတွက် လူသန်းပေါင်းများစွာဟာ ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဆဌမ အကြီးဆုံးမြို့ဖြစ်တဲ့ Chennai မှာ ရေလှောင်ကန်တွေ ခမ်းခြောက်သွားတာကြောင့် ငွေကြေးတတ်နိုင်သူတွေက ပြင်ပက ထရပ်ကားတွေနဲ့ လာရောက် ရောင်းချတဲ့ ရေတွေကို ဝယ်ယူသုံးစွဲနေရပြီး ဆင်းရဲသားတွေကတော့ အစိုးရက လာရောက်ဖြန့်ဝေတဲ့ ရေကားတွေကို ပူပြင်းတဲ့ ရာသီဥတုအောက်မှာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။

ဒီအခြေအနေကြောင့် စားသောက်ဆိုင်တချို့ ပိတ်ထားပြီး ရုံးတွေဟာလည်း အလုပ်ချိန် လျော့ထားကြပါတယ်။ အမျိုးသမီးတွေ မိုင်နဲ့ချီ လမ်းလျှောက်ပြီး ရေခပ်နေကျဖြစ်တဲ့ ကျေးလက်တောရွာတွေမှာတော့ အခြေအနေတွေ ပိုဆိုးနေပါတယ်။

လူဦးရေ များပြားလာမှုကြောင့် ရေကန် မြစ်ချောင်းတွေက ရေကို အလုံအလောက် မရနိုင်တော့သလို မြေအောက်ရေတွေကိုလည်း စိုက်ပျုးိရေး လုပ်ငန်းတွေအတွက် အဆမတန် ထုတ်ယူ သုံးစွဲနေရတဲ့အတွက် အိန္ဒိယနိုင်ငံဟာ အင်မတန်ကြီးမားတဲ့ ရေပြဿနာနဲ့ စတင်ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။

နယူးဒေလီ နဲ့ Chennai အပါဝင် အဓိကမြို့ကြီး ၂၁ ခုမှာ မြေအောက်ရေ မကြာခင် ကုန်ခမ်းသွားနိုင်တယ်လို့ အစိုးရက သတိပေးထားပါတယ်။

အိန္ဒိယ ရေရှားပါးမှု အခက်ကြုံ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG