သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမြောက်ပိုင်းမှာ ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးဖမ်းခံရ

အိန္ဂိယနိုင်ငံ၊ နယူးဒေလီမြို့မှာအမှိုက်ကောက်နေတဲ့ ရိုဟင်ဂျာတဦး၊ ဇွန် ၁၄၊ ၂၀၂၁
အိန္ဂိယနိုင်ငံ၊ နယူးဒေလီမြို့မှာအမှိုက်ကောက်နေတဲ့ ရိုဟင်ဂျာတဦး၊ ဇွန် ၁၄၊ ၂၀၂၁

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်မှာ တရားမ၀င်နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယရဲတွေက ပြောပါတယ်။ ရိုဟင်ဂျာမွတ်ဆလင်တွေကို ပြည်နယ်အတွင်း မြို့ကြီး (၆) မြို့မှာ ထိန်းသိမ်းထားပြီး ဒုက္ခသည် ၁၀ ဦးမှာ အရွယ်မရောက်သေးသူတွေ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ မြန်မာနိုင်ငံကဖိနှိပ်မှုတွေကနေ ထွက်ပြေးလာပြီးတဲ့နောက် Uttar Pradesh ပြည်နည်ထဲမှာ အမှိုက်ကောက်တာအပါအဝင် အလုပ်ကြမ်းတွေလုပ်ကိုင်ပြီး နေထိုင်နေတာ ၁၀ နှစ် လောက်ရှိနေပြီ ဖြစ်တယ်လို့ ရိုဟင်ဂျာလူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ “ခိုလှုံခွင့်တောင်းခံနေသူဖြစ်ပြီး သူတို့ကိုလွှတ်ပေးဖို့ ရိုဟင်ဂျာအသိုင်းအဝန်းက တောင်းဆိုကြောင်း” ရိုဟင်ဂျာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ (Rohingya Human Rights Initiative) ဒါရိုက်တာ ဦးကျော်မင်းကရိုက်တာ သတင်းဌာနကို ပြောပါတယ်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုတွေလို့ စွပ်စွဲခံရတဲ့စစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာသိန်းနဲ့ချီဟာ အိန္ဒိယနိုင်ငံနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေကြတာပါ။ အိန္ဒိယနိုင်ငံဟာ ဒုက္ခသည်အခွင့်အရေးနဲ့ သူတို့ အပေါ် ကာကွယ်ဖို့ တာဝန်ရှိတဲ့ ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသလို ဒုက္ခသည်တွေကို အကာအကွယ်ပေးတဲ့ ပြည်တွင်း ဥပဒေတွေလည်း ပြဌာန်းထားခြင်း မရှိပါဘူး။

မနှစ်က အစောပိုင်းအထိ အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာ ၁၈,၀၀၀ ဝန်းကျင် နေထိုင်ခဲ့ကြောင်း ရိုဟင်ဂျာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ပူးတွဲတည်ထောင်သူ Ali Johar က ပြောပါတယ်။

အိန္ဒိယမြောက်ပိုင်းမှာ ရိုဟင်ဂျာဒုက္ခသည် ၇၄ ဦးဖမ်းခံရ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG