သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအားကစားဝန်ကြီး Asian Games ခရီးစဉ်ဖျက်

တရုတ်ပြည် Hangzhou မြို့မှာကျင်းပမယ့် ၁၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲပြင်ဆင်ထားပုံ (စက်တင်ဘာ ၂၀၊ ၂၀၂၃)
တရုတ်ပြည် Hangzhou မြို့မှာကျင်းပမယ့် ၁၉ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲပြင်ဆင်ထားပုံ (စက်တင်ဘာ ၂၀၊ ၂၀၂၃)

တရုတ်နိုင်ငံ Hangzhou မြို့မှာ စနေနေ့ (စက်တင်ဘာ ၂၃) စတင် ကျင်းပမယ့် အာရှ အားကစားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် အိန္ဒိယနိုင်ငံ၊ Arunachal Pradesh ပြည်နယ်က အားကစားသမား ၃ ယောက်ကို တရုတ်အစိုးရက ပြည်ဝင်ခွင့် ဗီဇာမပေးတဲ့အတွက် ဒီပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုတက်မယ့် အိန္ဒိယအားကစားဝန်ကြီးကလည်း သူ့ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။

Arunachal Pradesh ပြည်နယ်ဟာ တရုတ်နဲ့ အိန္ဒိယတို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေသတခုဖြစ်ပါတယ်။ တရုတ်ပိုင် တိဘက်ဒေသတောင်ပိုင်းလို့ သတ်မှတ်ထားတဲ့ နေရာကို Anunachal Pradesh လို့ တရုတ်အစိုးရက ဘယ်တုန်းကမှာ အသိအမှတ်မပြုဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရက ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၅ နိုင်ငံ အားကစားသမားပေါင်း ၁၂၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်လို့ တရုတ်အစိုးရက ကြေညာထားတာကြောင့် ဒါဟာ ရှေ့နှစ် ပြင်သစ်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ နွေရာသီအိုလံပစ်ပွဲတော်ကျရင် ပါဝင်ကြမယ့် အားကစားသမား အရေအတွက်ထက် ပိုများနေပါတယ်။

ရိုးရာလှေပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲလို အိုလံပစ်အားကစားပွဲတွေမှာ မပါတဲ့ ဒေသတွင်းရေပန်းစားတဲ့ ပြိုင်ပွဲမျိုးတွေ အာရှအားကစားပွဲမှာ ပါဝင်တဲ့အတွက် ဝင်ပြိုင်တဲ့အားကစားသမားတွေ ပိုများတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ အားကစားသမား ၁၀၀ ကျော် စေလွှတ်ပြီး ပြိုင်ပွဲ ၇ မျိုးမှာ ပါဝင်မှာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ဆုတံဆိပ်တွေ ရမယ်လို့မျှော်မှန်းထားကြောင်း မြန်မာအားကစားအဖွဲ့က ဗွီအိုအေမြန်မာပိုင်းကို ပြောကြားခဲ့ပါတယ်။

အိန္ဒိယအားကစားဝန်ကြီး Asian Games ခရီးစဉ်ဖျက်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG