အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) နဲ့ ဇနီးတို့ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ချစ်ကြည်ရေးခရီး အလည်အပတ်အဖြစ် ဒီကနေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိလာပါတယ်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အထူးလေယာဉ်နဲ့ ဆိုက်ရောက်လာတဲ့ အင်ဒိုနီးရှား သမ္မတနဲ့ ဇနီးတို့ကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဇနီးတို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
မစ္စတာ ဆူစီလို ဘမ်ဘန်းဟာ ဒီကနေ့ ညနေပိုင်းမှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ နေပြည်တော်က လာတဲ့သတင်းတွေအရ သိရပါတယ်။
ကမ္ဘာမှာ မူဆလင်နိုင်ငံ တနိုင်ငံအဖြစ် ထင်ရှားတဲ့ အင်ဒိုနီးရှား နိုင်ငံရဲ့ သမ္မတဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာ အဓိကရုဏ်း ကိစ္စနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းပြောဆိုဖို့ မြန်မာခေါင်းဆောင်တွေကို တောင်းဆို မှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံကို မထွက်ခွာခင် စင်္ကာပူနိုင်ငံမှာ ပြောဆိုခဲ့ပါတယ်။