သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြား မူးယစ်တရားခံတွေကို ကွပ်မျက်ဖို့ အင်ဒို တရားဝင်အသိပေး


အင်ဒိုနီးရှားမှာ မူးယစ်တရားခံအဖြစ် သေဒဏ်ချမှတ်ခံရသူ ဖိလစ်ပိုင်အမျိုးသမီး Mary Jane Veloso ရဲ့ မိသားစုဝင်များ။ (ဧပြီ ၂၅၊ ၂၀၁၅)
အင်ဒိုနီးရှားမှာ မူးယစ်တရားခံအဖြစ် သေဒဏ်ချမှတ်ခံရသူ ဖိလစ်ပိုင်အမျိုးသမီး Mary Jane Veloso ရဲ့ မိသားစုဝင်များ။ (ဧပြီ ၂၅၊ ၂၀၁၅)

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ပေးခံထားရတဲ့ နိုင်ငံခြားသား ခုနစ်ဦးထက်မနည်းကို သေဒဏ်စီရင်တော့မယ်လို့ စနေနေ့မှာ တရားဝင် အသိပေးလိုက်ပါတယ်။ အဲဒီလူတွေကို သေဒဏ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပန်ကြားပါတယ်။

သေဒဏ်စီရင်တော့မယ်ဆိုတာကို အင်ဒိုနီးရှားနိုင်ငံဥပဒေအရ ၇၂ နာရီ ကြိုတင် အသိပေးရမယ်ဆိုတဲ့အတိုင်း သူတို့ကို အသိပေးခဲ့တယ်လို့ စီရင်ခံရမယ့်ထဲမှာပါတဲ့ နိုင်ငံခြားသားတဦးရဲ့ ရှေ့နေက ပြောပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ သေဒဏ်ချမှတ်ခံထားရသူ ၁၀ ဦးထဲမှာ နိုင်ငံခြားသား ၉ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသားတဦး ပါဝင်ပါတယ်။

ပြင်သစ်အစိုးရက အင်ဒိုနီးရှားအစိုးရကို ဖိအားအပြင်းအထန် ပေးခဲ့ပြီးတဲ့နောက် ပြင်သစ်နိုင်ငံသားတဦးကိုတော့ သေဒဏ်စီရင်မယ့်အရေးကနေ ယာယီ သက်ညှာခွင့်ပေးထားပါတယ်။

သေဒဏ်စီရင်တာကိုမလုပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းထားပြီး သေဒဏ် စီရင်တာကို ဆိုင်းငံ့ထားရေး စဉ်းစားပေးဖို့ သမ္မတ ဂျိုကို ဝီဒိုးဒိုးကို ပန်ကြားထားပါတယ်။

သေဒဏ်ချမှတ်ခံထားရသူတွေထဲမှာ သြစတြေးလျ၊ ဘရာဇီးလ်၊ ပြင်သစ်နဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေ ပါဝင်ပါတယ်။ မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်မှု အပေါ် မဖြစ်မနေ သေဒဏ်ချမှတ်ရမယ့် အင်ဒိုနီးရှားရဲ့ တင်းမာတဲ့မူဝါဒကြောင့် အဲဒီနိုင်ငံတွေအားလုံးနဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်နေပါတယ်။

XS
SM
MD
LG