သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Agung မီးတောင် ပေါက်ကွဲမယ့်ဘေး ဘာလီကျွန်း လေဆိပ်ပိတ်


အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ ဘာလီကျွန်းက အမြင့်ဆုံး မီးတောင် Agung ပေါက်ကွဲ လုနီးပါးဖြစ်နေတာကြောင့် မြို့နေလူပေါင်း တသိန်းလောက်ကို ဘေးကင်းရာချက်ချင်းရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက အမိန့်ပေးလိုက်ပြီး လေဆိပ်ကိုလည်း မနေ့ကပိတ်ထား လိုက်ပါတယ်။

နှစ်ပေါင်း၅၄နှစ် အတွင်း ပထမဆုံးအကြိမ် မီးတောင်ပေါက်ကွဲမယ့်အခြေအနေရှိကြောင်းလည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ မနေ့ တုန်းက ဘာလီမြို့ လေဆိပ်ကိုပိတ်လိုက်တာကြောင့် ခရီးသည်ပေါင်း ၅သောင်းကိုးထောင်လောက်ရှိတဲ့လေယာဉ်ပျံသန်း မှုပေါင်း ၄၄၅ခုကို ဖျက်သိမ်းခဲ့ရပါတယ်။

ဘာလီကျွန်းကိုမဆိုက်နိုင်တဲ့လေယာဉ်တွေကို တခြားအိမ်နီးချင်းခရိုင်တွေက လေဆိပ် ၁၀ ခုမှာ ဆိုက်နိုင်ဖို့စီစဉ်ထားပါတယ်။ ၁၉၆၃ခုနှစ် Agungမီးတောင်ပေါက်ကွဲခဲ့တုန်းကလည်း မီးတောင်ပြာတွေကောင်း ကင်မှာ ပျံ့နှံ့ခဲ့လို့ လူတွေရာနဲ့ချီပြီးသေဆုံးခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG