သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ အပါအ၀င္ ကမၻာတလႊား စားသံုးဆီ ေစ်းတက္ၿပီး ရွားပါး


အင္ဒိုနီးရွား ႏုိင္ငံ မွာ ေစ်းသက္သာတဲ႔ စားသံုးဆီ တန္းစီ ၀ယ္ယူၾကရ။ ေဖေဖာ္၀ါရီလ ၂၄၊ ၂၀၂၂။ ဓာတ္ပံု ABDUL QODIR / AFP

(Zawgyi/ Unicode)

အင္ဒိုနီးရွား ႏိုင္ငံက စားအုန္းဆီနဲ႔ ကုန္ၾကမ္း ျပည္ပ တင္ပို႔မႈကို တားျမစ္ပိတ္ပင္လိုက္ၿပီးေနာက္မွာေတာ့ ကမ ၻာ့စားအုန္းဆီ ေဈး စံခ်ိန္တင္ ျမင့္တက္သြားသလို ကမ ၻာတလႊားမွာလည္း စားဆီ ေဈးႀကီးမႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ ျမန္မာႏိုင္ငံမွာလည္း စားသုံးဆီ သိသိသာသာ ေဈးတက္လာပါတယ္။ စီးပြားေရး အစီအစဥ္မွာ မသိဂၤ ီထိုက္ တင္ျပထားပါတယ္။

ကမ ၻာမွာ အဓိက စားအုန္းဆီ တင္ပို႔တဲ့ အင္ဒိုနီးရွား ႏိုင္ငံက ျပည္တြင္းမွာ စားသုံးဆီ ျပတ္လပ္မႈနဲ႔ ေဈးႀကီးလာမႈကို ကုစားဖို႔ အတြက္ စားအုန္းဆီနဲ႔ ကုန္ၾကမ္း ျပည္ပ တင္ပို႔မႈကို စၿပီး တားျမစ္လိုက္ၿပီးေနာက္မွာေတာ့ ကမ ၻာ့ စားဆီ ေဈးႏႈန္းေတြ ထက္တက္သြားပါတယ္။ စားအုန္းဆီဟာ ကမ ၻာတလႊား အမ်ားဆုံး သုံးတဲ့ စားသုံးဆီ ျဖစ္ၿပီး ကမ ၻာ့ စားအုန္းဆီ ေဈးကြက္မွာ အင္ဒိုနီးရွားက ၃၅ ရာခိုင္ႏႈန္း တင္ပို႔ေနတာလို႔ LMC လုပ္ငန္းႀကီးရဲ႕ အႀကီးအကဲ James Fry က ေျပာပါတယ္။ စားအုန္းဆီ တင္ပို႔မႈကို ပိတ္မယ့္ အေၾကာင္း အင္ဒိုနီးရွားက ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ ေၾကညာလိုက္ၿပီးေနာက္မွာ စားအုန္းဆီ၊ ပဲပိစပ္ ဆီ အပါအဝင္ ဟင္းသီးဟင္း႐ြက္ဆီ ေဈးႏႈန္းေတြ မႀကဳံစဖူး ေဈးတက္သြားခဲ့တာပါ။ အင္ဒိုနီးရွား သမၼတ Joko Widodo က အခုလို ေၾကညာခဲ့တာပါ။

" စားဆီနဲ႔ စားဆီ ကုန္ၾကမ္းေတြကို ဧၿပီလ ၂၈ ရက္ေန႔ ၂၀၂၂ ခုႏွစ္ကေန ေနာက္ထပ္ မေၾကညာမခ်င္း တင္ပို႔ခြင့္ ပိတ္ထားဖို႔ အစိုးရက ဆုံးျဖတ္ထားပါတယ္။ "

အင္ဒိုနီးရွားရဲ႕ စားအုန္းဆီ တင္ပို႔မႈ တားျမစ္ခ်က္က ဘယ္ေလာက္ ၾကာမယ္ဆိုတာလည္း မသိရေသးပါဘူး။

" ဒီ မူဝါဒ ခ်မွတ္ ေဆာင္႐ြက္မႈကို ေစာင့္ၾကည့္ၿပီး သုံးသပ္သြားမွာပါ။ ဒါမွလည္း ႏိုင္ငံတြင္းမွာ စားဆီ လုံေလာက္ၿပီး ေဈးႏႈန္း သင့္တင့္မႈ ရွိမွာ ျဖစ္ပါတယ္။ "

စားသုံးဆီ ေဈးႏႈန္းႀကီးျမင့္မႈဟာ ကမ ၻာတလႊား ရင္ဆိုင္ေနရတဲ့ အခက္အခဲ ျဖစ္ၿပီး အဓိက ကေတာ့ စားေသာက္ကုန္ထုတ္ လုပ္ငန္းေတြ ထိခိုက္ရပါတယ္။ တူရကီႏိုင္ငံ အစၥတန္ဘူးလ္က Tarihi Balikca ပင္လယ္စာ စားေသာက္ဆိုင္ ဝန္ထမ္း Mahsun Aktas က ဆီေဈးတက္လာတာေၾကာင့္ ဆိုင္ အေရာင္းထိခိုက္လာရၿပီလို႔ ေျပာပါတယ္။

" က်ေနာ္တို႔ ေတာင့္ခံခဲ့ပါတယ္။ ေဈးကြက္မွာလည္း တိုးတက္မႈ ရွိလာႏိုင္သလို ေဈးလည္း ၿငိမ္လာႏိုင္တယ္ဆိုၿပီး က်ေနာ္တို႔ ေစာင့္ၾကည့္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘာမွ တိုးတက္မႈ မရွိတာနဲ႔ဘဲ အစားအေသာက္ ေဈးႏႈန္းကို ျမႇင့္ခဲ့ပါတယ္။ ဒါမွလည္း ကုန္က်စာရိတ္ကို ကာမိမွာပါ။"

ငါးေၾကာ္ ေဈးႏႈန္း ေျပာလိုက္ရင္ မဝယ္ေတာ့ဘဲ ျပန္သြားၾကသူေတြကို ဒီႏွစ္မွာ ပထမဆုံး ေတြ႕လာရပါၿပီ။ အရင္ႏွစ္ေတြ တုန္းကလည္း ေဈးပိုႀကီးတာ ေတြ႕ေပမယ့္လည္း ဝယ္သူေတြက ဘာမွ မေျပာၾကပါဘူး။ ဒီႏွစ္မွာေတာ့ မဝယ္ဘဲ ျပန္သြားၾကပါတယ္။ သူတို႔ မဝယ္ႏိုင္ၾကပါဘူး။

စိုးရိမ္စိတ္နဲ႔ စားဆီ ဝယ္ယူမႈမ်ားလာတာေၾကာင့္ တူရကီက ေဈးဆိုင္ႀကီး တခ်ိဳ႕မွာဆိုရင္ စားသုံးဆီ ျပတ္လပ္သြားမယ့္ အေရး စိုးရိမ္ခ်က္ေၾကာင့္ လူေတြကို အကန႔္အသတ္နဲ႔ ေရာင္းခ်ေပးေနတာပါ။ ေနၾကာဆီနဲ႔ canola ဆီ ျပတ္လပ္ေနတဲ့ ဆိုင္ေတြရဲ႕ ပုံေတြကို ဂ်ာမနီက ေဈးဝယ္သူေတြ လူမႈကြန္ရက္ မီဒီယာေတြမွာ တင္ခဲ့ၾကပါတယ္။ စပိန္၊ အီတလီနဲ႔ ၿဗိတိန္တို႔မွာလည္း ကန႔္သတ္ထားပါတယ္။ အင္ဒိုနီးရွား ႏိုင္ငံ ဂ်ာကာတာက စားေသာက္ဆိုင္ ပိုင္ရွင္ Emiwati ကေတာ့ တရက္ကို စားသုံးဆီ ၂၄ လီတာ လိုတာလို႔ ေျပာျပပါတယ္။

" ဟင္းခ်က္ဆီ ေဈးႀကီးလာတာကို က်မတို႔ လက္ခံပါတယ္။ ဒါေပမယ့္လည္း က်မတို႔ အစားအစာ ေရာင္းတာမွာေတာ့ ေဈးတင္လို႔ မရပါဘူး။ လုပ္လို႔ မရပါဘူး။ ေဈးႏႈန္းကို ညႇိဖို႔က ခက္ပါတယ္။ အစားအေသာက္ ေဈးႏႈန္းေတြကို လူေတြက သိၾကပါတယ္။ ေဈးတင္လိုက္မယ္ ဆိုရင္ သူတို႔က ဝယ္မွာ မဟုတ္ပါဘူး။ "

" စိတ္မေကာင္း ျဖစ္ရပါတယ္။ အခုထိ ကပ္ေရာဂါေဘးက မၿပီးေသးတဲ့ ကာလမွာ အခုဆိုရင္ အစားအစာေတြ ေရာင္းဖို႔ ခက္လာပါတယ္။ ဟင္းခ်က္ဆီက ေဈးႀကီးလာေပမယ့္လည္း ရေအာင္ ရွာ ဝယ္ဖို႔ လုပ္ေနရပါတယ္။"

Covid-19 ကပ္ေဘးေရာဂါ စတင္ခဲ့ခ်ိန္ကစလို႔ ကမ ၻာတလႊား စားဆီ ေဈးတက္လာတာ ျဖစ္ပါတယ္။ ေတာင္အေမရိကမွာ ဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ အလုပ္သမား ရွားပါးမႈေၾကာင့္ စိုက္ပ်ိဳးေရးမွာ ထိခိုက္တာ အျပင္ ဇီ၀ ေလာင္စာ ထုတ္လုပ္မႈ လုပ္ငန္းမွာ အသုံးမ်ားလာတာေၾကာင့္လည္း ပါပါတယ္။ ကမ ၻာ့ေနၾကာဆီ ထုတ္လုပ္မႈ အဓိက ႏိုင္ငံေတြ ျဖစ္တဲ့ ယူကရိန္းနဲ႔ ႐ုရွားတို႔ စစ္ေရးေၾကာင့္လည္း ကုန္သြယ္ေရး ေႏွာင့္ေႏွးၿပီး စားသုံးဆီ ေဈးႏႈန္းေတြ ပိုၿပီး ႀကီးျမင့္ေစတာ ျဖစ္ပါတယ္။ ဟင္းသီးဟင္း႐ြက္ဆီ ေဈးႏႈန္းေတြက ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလမွာ စံခ်ိန္တင္ ျမင့္တက္လာခဲ့ၿပီးေနာက္ မတ္လ အတြင္းမွာ ေနာက္ထပ္ ၂၃ ရာခိုင္ႏႈန္း ေဈးတက္သြားျပန္တယ္လို႔ ကုလသမဂၢ စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရး အဖြဲ႕ FAO က ေဖာ္ျပပါတယ္။

ပဲပိစပ္ ဆီ ဆိုရင္ ၂၀၁၉ တုန္းက မက္ထရစ္ တတန္ကို ၇၆၅ ေဒၚလာနဲ႔ အေရာင္းရွိခဲ့ရာကေန ၿပီးခဲ့တဲ့ မတ္လ အတြင္းမွာေတာ့ မက္ထရစ္ တတန္ကို ၁,၉၅၇ ေဒၚလာထိ ပ်မ္းမွ် ေရာက္ရွိခဲ့ေၾကာင္း ကမ ၻာ့ဘဏ္ကလည္း ေျပာဆိုထားပါတယ္။ စားအုန္းဆီ ေဈးႏႈန္းေတြကေတာ့ ၂၀၀ ရာခိုင္ႏႈန္းေက်ာ္ တက္လာၿပီး ကမ ၻာ့ထိပ္တန္း စားအုန္းဆီ ထုတ္လုပ္ တင္ပို႔တဲ့ အင္ဒိုနီးရွားက တင္ပို႔မႈ ပိတ္တာေၾကာင့္ ထပ္ၿပီးေတာ့ တက္မယ့္ အေနအထား ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ အတြင္း မိုးသည္းထန္တာေၾကာင့္ မေလးရွားရဲ႕ စားအုန္းဆီ ထုတ္လုပ္မႈကိုလည္း ထိခိုက္ခဲ့ပါတယ္။ ယူကရိန္း စစ္ပြဲက ဘယ္ေတာ့ ၿပီးမလဲ ဆိုတာ မသိတာေၾကာင့္ လယ္သမားေတြ အေနနဲ႔လည္း ယူကရိန္း - ႐ုရွားတို႔ရဲ႕ စားသုံးဆီ ထုတ္လုပ္ တင္ပို႔မႈ လစ္ဟာမႈကို ကာမိေအာင္ အစားထိုး စိုက္ပ်ိဳးၾကဖို႔ လက္တြန႔္ႏိုင္တယ္လို႔ စိုက္ပ်ိဳးေရး အခ်က္အလက္နဲ႔ သုံးသပ္မႈ လုပ္ငန္း Gro Intelligence က တြဲဖက္ သုေတသနမႉး Steve Matthews က ေျပာပါတယ္။

" စားသုံးဆီ အေျခအေနက ကမ ၻာတလႊား အစားအစာ အေျခအေနနဲ႔ ၿခဳံၾကည့္ရင္ အခ်ိဳးအစား မညီပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ ကတည္းက အေတာ္ေလး ေဈးတက္လာပါတယ္။ တခ်ိဳ႕ ဟင္းသီး ဟင္း႐ြက္ ဆီေတြဆိုရင္ ၄၀ ရာခိုင္ႏႈန္းေလာက္ တက္လာပါတယ္။ ယူကရိန္း စစ္ပြဲေၾကာင့္ ေနၾကာဆီ ဆိုရင္ လိုခ်င္ရင္ေတာင္ မရႏိုင္ပါဘူး။ စစ္ မျဖစ္ခင္ ကတည္းက ေဈးတက္လာေနေပမယ့္လည္း စစ္ေၾကာင့္ အေျခအေနေတြ ပိုဆိုးသြားေစတာ ျဖစ္ပါတယ္။ "

ဒါေပမယ့္လည္း စစ္ေကာင္စီရဲ႕ စားသုံးဆီ တင္သြင္း သိုေလွာင္ ျဖန႔္ျဖဴးေရး လုပ္ငန္း ႀကီးၾကပ္ေရး ေကာ္မတီကေတာ့ ျမန္မာႏိုင္ငံမွာ စားသုံးဆီ လုံေလာက္ေနၿပီး ဆီ သေဘာေတၤြလည္း ပုံမွန္ ဝင္ေရာက္ေနေၾကာင္း၊ အင္ဒိုနီးရွားက စားအုန္းဆီ တင္ပို႔မႈ မူဝါဒဆိုင္ရာ သတင္းေတြကိုလည္း ခ်ဲ႕ကားၿပီး ေကာလာဟလ ထုတ္လႊင့္ၾကတာေၾကာင့္ လူထု အေနနဲ႔ စိုးရိမ္စရာ မလိုဘူးလို႔ သတင္းစာကေန ေၾကညာခဲ့ပါတယ္။ လက္ေတြ႕ ေျမျပင္ အေျခအေနမွာေတာ့ ဆီေဈးက တက္ေနပါတယ္။ လက္လီ လက္ကား လုပ္ငန္းရွင္ တခ်ိဳ႕ကေတာ့ ဆီေဈးတက္သြားၿပီး လိုသေလာက္လည္း မရဘူးလို႔ ဗြီအိုေအကို ေျပာၾကပါတယ္။

(Unicode)

မြန်မာ အပါအဝင် ကမ္ဘာတလွှား စားသုံးဆီ ဈေးတက်ပြီး ရှားပါး

အင်ဒိုနီးရှား နိုင်ငံက စားအုန်းဆီနဲ့ ကုန်ကြမ်း ပြည်ပ တင်ပို့မှုကို တားမြစ်ပိတ်ပင်လိုက်ပြီးနောက်မှာတော့ ကမ ္ဘာ့စားအုန်းဆီ ဈေး စံချိန်တင် မြင့်တက်သွားသလို ကမ ္ဘာတလွှားမှာလည်း စားဆီ ဈေးကြီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံမှာလည်း စားသုံးဆီ သိသိသာသာ ဈေးတက်လာပါတယ်။ စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ကမ ္ဘာမှာ အဓိက စားအုန်းဆီ တင်ပို့တဲ့ အင်ဒိုနီးရှား နိုင်ငံက ပြည်တွင်းမှာ စားသုံးဆီ ပြတ်လပ်မှုနဲ့ ဈေးကြီးလာမှုကို ကုစားဖို့ အတွက် စားအုန်းဆီနဲ့ ကုန်ကြမ်း ပြည်ပ တင်ပို့မှုကို စပြီး တားမြစ်လိုက်ပြီးနောက်မှာတော့ ကမ ္ဘာ့ စားဆီ ဈေးနှုန်းတွေ ထက်တက်သွားပါတယ်။ စားအုန်းဆီဟာ ကမ ္ဘာတလွှား အများဆုံး သုံးတဲ့ စားသုံးဆီ ဖြစ်ပြီး ကမ ္ဘာ့ စားအုန်းဆီ ဈေးကွက်မှာ အင်ဒိုနီးရှားက ၃၅ ရာခိုင်နှုန်း တင်ပို့နေတာလို့ LMC လုပ်ငန်းကြီးရဲ့ အကြီးအကဲ James Fry က ပြောပါတယ်။ စားအုန်းဆီ တင်ပို့မှုကို ပိတ်မယ့် အကြောင်း အင်ဒိုနီးရှားက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပြီးနောက်မှာ စားအုန်းဆီ၊ ပဲပိစပ် ဆီ အပါအဝင် ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းတွေ မကြုံစဖူး ဈေးတက်သွားခဲ့တာပါ။ အင်ဒိုနီးရှား သမ္မတ Joko Widodo က အခုလို ကြေညာခဲ့တာပါ။

" စားဆီနဲ့ စားဆီ ကုန်ကြမ်းတွေကို ဧပြီလ ၂၈ ရက်နေ့ ၂၀၂၂ ခုနှစ်ကနေ နောက်ထပ် မကြေညာမချင်း တင်ပို့ခွင့် ပိတ်ထားဖို့ အစိုးရက ဆုံးဖြတ်ထားပါတယ်။ "

အင်ဒိုနီးရှားရဲ့ စားအုန်းဆီ တင်ပို့မှု တားမြစ်ချက်က ဘယ်လောက် ကြာမယ်ဆိုတာလည်း မသိရသေးပါဘူး။

" ဒီ မူဝါဒ ချမှတ် ဆောင်ရွက်မှုကို စောင့်ကြည့်ပြီး သုံးသပ်သွားမှာပါ။ ဒါမှလည်း နိုင်ငံတွင်းမှာ စားဆီ လုံလောက်ပြီး ဈေးနှုန်း သင့်တင့်မှု ရှိမှာ ဖြစ်ပါတယ်။ "

စားသုံးဆီ ဈေးနှုန်းကြီးမြင့်မှုဟာ ကမ ္ဘာတလွှား ရင်ဆိုင်နေရတဲ့ အခက်အခဲ ဖြစ်ပြီး အဓိက ကတော့ စားသောက်ကုန်ထုတ် လုပ်ငန်းတွေ ထိခိုက်ရပါတယ်။ တူရကီနိုင်ငံ အစ္စတန်ဘူးလ်က Tarihi Balikca ပင်လယ်စာ စားသောက်ဆိုင် ဝန်ထမ်း Mahsun Aktas က ဆီဈေးတက်လာတာကြောင့် ဆိုင် အရောင်းထိခိုက်လာရပြီလို့ ပြောပါတယ်။

" ကျနော်တို့ တောင့်ခံခဲ့ပါတယ်။ ဈေးကွက်မှာလည်း တိုးတက်မှု ရှိလာနိုင်သလို ဈေးလည်း ငြိမ်လာနိုင်တယ်ဆိုပြီး ကျနော်တို့ စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာမှ တိုးတက်မှု မရှိတာနဲ့ဘဲ အစားအသောက် ဈေးနှုန်းကို မြှင့်ခဲ့ပါတယ်။ ဒါမှလည်း ကုန်ကျစာရိတ်ကို ကာမိမှာပါ။"

ငါးကြော် ဈေးနှုန်း ပြောလိုက်ရင် မဝယ်တော့ဘဲ ပြန်သွားကြသူတွေကို ဒီနှစ်မှာ ပထမဆုံး တွေ့လာရပါပြီ။ အရင်နှစ်တွေ တုန်းကလည်း ဈေးပိုကြီးတာ တွေ့ပေမယ့်လည်း ဝယ်သူတွေက ဘာမှ မပြောကြပါဘူး။ ဒီနှစ်မှာတော့ မဝယ်ဘဲ ပြန်သွားကြပါတယ်။ သူတို့ မဝယ်နိုင်ကြပါဘူး။

စိုးရိမ်စိတ်နဲ့ စားဆီ ဝယ်ယူမှုများလာတာကြောင့် တူရကီက ဈေးဆိုင်ကြီး တချို့မှာဆိုရင် စားသုံးဆီ ပြတ်လပ်သွားမယ့် အရေး စိုးရိမ်ချက်ကြောင့် လူတွေကို အကန့်အသတ်နဲ့ ရောင်းချပေးနေတာပါ။ နေကြာဆီနဲ့ canola ဆီ ပြတ်လပ်နေတဲ့ ဆိုင်တွေရဲ့ ပုံတွေကို ဂျာမနီက ဈေးဝယ်သူတွေ လူမှုကွန်ရက် မီဒီယာတွေမှာ တင်ခဲ့ကြပါတယ်။ စပိန်၊ အီတလီနဲ့ ဗြိတိန်တို့မှာလည်း ကန့်သတ်ထားပါတယ်။ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာက စားသောက်ဆိုင် ပိုင်ရှင် Emiwati ကတော့ တရက်ကို စားသုံးဆီ ၂၄ လီတာ လိုတာလို့ ပြောပြပါတယ်။

" ဟင်းချက်ဆီ ဈေးကြီးလာတာကို ကျမတို့ လက်ခံပါတယ်။ ဒါပေမယ့်လည်း ကျမတို့ အစားအစာ ရောင်းတာမှာတော့ ဈေးတင်လို့ မရပါဘူး။ လုပ်လို့ မရပါဘူး။ ဈေးနှုန်းကို ညှိဖို့က ခက်ပါတယ်။ အစားအသောက် ဈေးနှုန်းတွေကို လူတွေက သိကြပါတယ်။ ဈေးတင်လိုက်မယ် ဆိုရင် သူတို့က ဝယ်မှာ မဟုတ်ပါဘူး။ "

" စိတ်မကောင်း ဖြစ်ရပါတယ်။ အခုထိ ကပ်ရောဂါဘေးက မပြီးသေးတဲ့ ကာလမှာ အခုဆိုရင် အစားအစာတွေ ရောင်းဖို့ ခက်လာပါတယ်။ ဟင်းချက်ဆီက ဈေးကြီးလာပေမယ့်လည်း ရအောင် ရှာ ဝယ်ဖို့ လုပ်နေရပါတယ်။"

Covid-19 ကပ်ဘေးရောဂါ စတင်ခဲ့ချိန်ကစလို့ ကမ ္ဘာတလွှား စားဆီ ဈေးတက်လာတာ ဖြစ်ပါတယ်။ တောင်အမေရိကမှာ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် အလုပ်သမား ရှားပါးမှုကြောင့် စိုက်ပျိုးရေးမှာ ထိခိုက်တာ အပြင် ဇီ၀ လောင်စာ ထုတ်လုပ်မှု လုပ်ငန်းမှာ အသုံးများလာတာကြောင့်လည်း ပါပါတယ်။ ကမ ္ဘာ့နေကြာဆီ ထုတ်လုပ်မှု အဓိက နိုင်ငံတွေ ဖြစ်တဲ့ ယူကရိန်းနဲ့ ရုရှားတို့ စစ်ရေးကြောင့်လည်း ကုန်သွယ်ရေး နှောင့်နှေးပြီး စားသုံးဆီ ဈေးနှုန်းတွေ ပိုပြီး ကြီးမြင့်စေတာ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ စံချိန်တင် မြင့်တက်လာခဲ့ပြီးနောက် မတ်လ အတွင်းမှာ နောက်ထပ် ၂၃ ရာခိုင်နှုန်း ဈေးတက်သွားပြန်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO က ဖော်ပြပါတယ်။

ပဲပိစပ် ဆီ ဆိုရင် ၂၀၁၉ တုန်းက မက်ထရစ် တတန်ကို ၇၆၅ ဒေါ်လာနဲ့ အရောင်းရှိခဲ့ရာကနေ ပြီးခဲ့တဲ့ မတ်လ အတွင်းမှာတော့ မက်ထရစ် တတန်ကို ၁,၉၅၇ ဒေါ်လာထိ ပျမ်းမျှ ရောက်ရှိခဲ့ကြောင်း ကမ ္ဘာ့ဘဏ်ကလည်း ပြောဆိုထားပါတယ်။ စားအုန်းဆီ ဈေးနှုန်းတွေကတော့ ၂၀၀ ရာခိုင်နှုန်းကျော် တက်လာပြီး ကမ ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ်လုပ် တင်ပို့တဲ့ အင်ဒိုနီးရှားက တင်ပို့မှု ပိတ်တာကြောင့် ထပ်ပြီးတော့ တက်မယ့် အနေအထား ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ် အတွင်း မိုးသည်းထန်တာကြောင့် မလေးရှားရဲ့ စားအုန်းဆီ ထုတ်လုပ်မှုကိုလည်း ထိခိုက်ခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲက ဘယ်တော့ ပြီးမလဲ ဆိုတာ မသိတာကြောင့် လယ်သမားတွေ အနေနဲ့လည်း ယူကရိန်း - ရုရှားတို့ရဲ့ စားသုံးဆီ ထုတ်လုပ် တင်ပို့မှု လစ်ဟာမှုကို ကာမိအောင် အစားထိုး စိုက်ပျိုးကြဖို့ လက်တွန့်နိုင်တယ်လို့ စိုက်ပျိုးရေး အချက်အလက်နဲ့ သုံးသပ်မှု လုပ်ငန်း Gro Intelligence က တွဲဖက် သုတေသနမှူး Steve Matthews က ပြောပါတယ်။

" စားသုံးဆီ အခြေအနေက ကမ ္ဘာတလွှား အစားအစာ အခြေအနေနဲ့ ခြုံကြည့်ရင် အချိုးအစား မညီပါဘူး။ ပြီးခဲ့တဲ့နှစ် ကတည်းက အတော်လေး ဈေးတက်လာပါတယ်။ တချို့ ဟင်းသီး ဟင်းရွက် ဆီတွေဆိုရင် ၄၀ ရာခိုင်နှုန်းလောက် တက်လာပါတယ်။ ယူကရိန်း စစ်ပွဲကြောင့် နေကြာဆီ ဆိုရင် လိုချင်ရင်တောင် မရနိုင်ပါဘူး။ စစ် မဖြစ်ခင် ကတည်းက ဈေးတက်လာနေပေမယ့်လည်း စစ်ကြောင့် အခြေအနေတွေ ပိုဆိုးသွားစေတာ ဖြစ်ပါတယ်။ "

ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးရေး လုပ်ငန်း ကြီးကြပ်ရေး ကော်မတီကတော့ မြန်မာနိုင်ငံမှာ စားသုံးဆီ လုံလောက်နေပြီး ဆီ သဘောင်္တွေလည်း ပုံမှန် ဝင်ရောက်နေကြောင်း၊ အင်ဒိုနီးရှားက စားအုန်းဆီ တင်ပို့မှု မူဝါဒဆိုင်ရာ သတင်းတွေကိုလည်း ချဲ့ကားပြီး ကောလာဟလ ထုတ်လွှင့်ကြတာကြောင့် လူထု အနေနဲ့ စိုးရိမ်စရာ မလိုဘူးလို့ သတင်းစာကနေ ကြေညာခဲ့ပါတယ်။ လက်တွေ့ မြေပြင် အခြေအနေမှာတော့ ဆီဈေးက တက်နေပါတယ်။ လက်လီ လက်ကား လုပ်ငန်းရှင် တချို့ကတော့ ဆီဈေးတက်သွားပြီး လိုသလောက်လည်း မရဘူးလို့ ဗွီအိုအေကို ပြောကြပါတယ်။

XS
SM
MD
LG