သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုငလျှင် လူ ၁၀ဦးထက်မနည်း သေဆုံး


အင်ဒိုနီးရှား နိုင်ငံ Lombok ကျွန်းနဲ့ အနီးအနားက Sumbawa ကျွန်းတို့မှာ မနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးရပါတယ်။ ၆ ဒသမ ၉ မဂ္ဂနီကျူ ပြင်းအားရှိတဲ့ ငလျင်ကြောင့် အဓိက သေဆုံးရတဲ့ အကြောင်းရင်းကတော့ အဆောက်အအုံတွေ ပြိုကျတာကြောင့် ဖြစ်တယ်လို့ ဘေးဒုက္ခ စီမံခန့်ခွဲရေး ဌာန ပြောခွင့်ရ Sutopo Purwo Nugroho က ပြောပါတယ်။

Lombok ကျွန်းမှာ ပြင်းအား ၆ ဒသမ ၃ မဂ္ဂနီကျူရှိတဲ့ ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းအကြာမှာ ငလျင်ထပ်လှုပ်ခဲ့တာ ဖြစ်ပြီး ကျွန်းပေါ်က ဒေသ အများအပြားမှာ လျှပ်စစ်မီး ပြတ်တောက်သွားခဲ့တာပါ။ မနေ့ တနင်္ဂနွေနေ့ ငလျင်တွေရဲ့ နောက်ဆက်တွဲ ငလျင်တွေ အကြိမ်ပေါင်း ရာနဲ့ချီပြီး စံချိန်တင် လှုပ်ခတ်ခဲ့ပြီး Lombok ကျွန်းမှာ မြေပြိုကျမှုတွေ ဖြစ်ခဲ့သလို ဒေသခံတွေလည်း လမ်းမတွေပေါ်ကို ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြတယ်လို့ ဘေးဒုက္ခ စီမံခန့်ခွဲမှု ဌာန ပြောခွင့်ရက ပြောပါတယ်။

Lombok ကျွန်းမှာ ပြီးခဲ့တဲ့ သတင်း ၂ ပတ်က လူပေါင်း ၄၀၀ ကျော် သေဆုံးရတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် မနေ့က ငလျင် ထပ်လှုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ငလျင်ကြောင့် လူ ၁၇ ယောက် သေဆုံးပြီး ရာနဲ့ချီ ပိတ်မိခဲ့ပြီးခဲ့ပြီးနောက် ပိတ်ထားခဲ့တဲ့ Rinjani တောင်ပေါ်က အမျိုးသား ဥယျာဉ်မှာလည်း မနေ့ တနင်္ဂနွေနေ့ ငလျင်ကြောင့် မြေပြိုတဲ့ သတင်းတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG