သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီရှားရွေးကောက်ပွဲ အကြိုစစ်တမ်း widodo အရေးသာ


အင်ဒိုနီးရှား လက်ရှိသမ္မတ Joko Widodo၊ Ma'ruf Amin၊ Prabowo Subianto နဲ့ Sandiago Uno တို့ နိုင်ငံတော်သီချင်းဆိုနေကြစဉ် (ဧပြီ၊ ၁၃၊ ၂၀၁၉)
အင်ဒိုနီးရှား လက်ရှိသမ္မတ Joko Widodo၊ Ma'ruf Amin၊ Prabowo Subianto နဲ့ Sandiago Uno တို့ နိုင်ငံတော်သီချင်းဆိုနေကြစဉ် (ဧပြီ၊ ၁၃၊ ၂၀၁၉)

အင်ဒိုနီးရှား ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ လက်ရှိသမ္မတ Joko Widodo နဲ့ ပြိုင်ဖက် Prabowo Subianto တို့ရဲ့ နောက်ဆုံးစကားစစ်ထိုးပွဲအတွက် သောင်းနဲ့ချီတဲ့ အင်ဒိုနီးရှားပြည်သူတွေ စနေနေ့မှာတော့ မဲဆွယ်စည်းရုံးရေးအဖွဲ့တွေဆီမှာ စုဝေးပြီး လာရောက်အားပေးနေကြပါတယ်။

Subianto ကို ထောက်ခံသူတွေအတွက် မဲဆွယ်စည်းရုံးပွဲက အနီးနားက မြို့တခုမှာ ကျင်းပနေတဲ့တချိန်တည်းမှာပဲ ဂျကာတာမြို့လယ်က Gelora Bung Karno အဓိကအားကစားရုံမှာ Widodo ကို ထောက်ခံသူတွေနဲ့ ပြည့်နေတာပါ။

ရုပ်မြင်သံကြားက ထုတ်လွှတ်တဲ့ သမ္မတနဲ့ ဒုသမ္မတအဖြစ် ယှဉ်ပြိုင်သူတွေကြား စကားစစ်ထိုးပွဲ ၅ ခုထဲမှာ Widodo နဲ့ Subianto တို့ရဲ့ စနေည စကားစစ်ထိုးပွဲက နောက်ဆုံးတခုပါ။ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲနဲ့ မူဝါဒရေးရာရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၁၉၃ သန်းလောက် ရှိပါတယ်။

လူထုစစ်တမ်းတွေအရ Widodo အတွက် ထောက်ခံမှု အကြီးအကျယ်ဦးဆောင်နေပေမယ့် ထင်ထားတာထက် ရွေးကောက်ပွဲ ပိုခန့်မှန်းရခက်နေတယ်လို့ ပညာရှင်တချို့က သုံးသပ်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက Widodo က Subianto ကို ပွတ်ကာသီကာ အနိုင်ရလိုက်တာဖြစ်ပြီး လက်ရှိ သမ္မတ ရာထူးကို ရခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတလောင်းအဖြစ် ဝင်အရွေးခံတဲ့ Prabowo Subianto နဲ့အတူ ဒုသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် Sandiaga Uno အတွက်တော့ Tangerang မြို့မှာ စနေနေ့ မဲဆွယ်စည်းရုံးမှုက နောက်ဆုံးနေ့ပဲ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမှာ အနိုင်ရရင်တော့ Subianto နဲ့အတူ ပြည်သူတွေ အလုပ်အကိုင်တိုးပွားစေရေး အဓိကလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG