သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ရေကြီးမှု ၃၅ ဦးထက်မနည်း သေဆုံး


အင်ဒိုနီးရှားရေကြီးမှု ၃၅ ဦးထက်မနည်း သေဆုံး
အင်ဒိုနီးရှားရေကြီးမှု ၃၅ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအလယ်ပိုင်းမှာ ရေလွှမ်းမိုးတာနဲ့ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၃၅ ယောက်သေဆုံးပြီး ၂၅ ယောက် ပျောက်ဆုံးနေပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ ထောင်ပေါင်းများစွာကို ထိခိုက်စေခဲ့ပြီး အများစုဟာ ရေနစ်မြုပ်နေပါတယ်။ မိုးသည်းထန်စွာရွာတာကြောင့် မြေပြိုကျတာတွေရှိခဲ့သလို လမ်းပေါ်မှာက ကားတွေနဲ့လူတွေလည်း ရေနဲ့မျောပါခဲ့ပြီး အိမ်ထဲမှာ နေသူတွေလည်း ရေမြုပ်ကုန်ပါတယ်။

ကယ်ဆယ်ရေးအလုပ်သမားတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံးကျတဲ့ အဓိက ကျွန်းတခုဖြစ်တဲ့ ဂျာဗားကျွန်းနဲ့ မြို့တော် ဂျကာတာထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေနေကြပါတယ်။

ရေလွှမ်းတာနဲ့ မြေပြိုတာတွေဟာ လူဦးရေ သန်း ၂၅၀ ကျော်ရှိပြီး အပူပိုင်းဒေသဖြစ်တဲ့ သဘာဝဘေးကျရောက်လေ့ရှိတဲ့ ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ကြုံနေကျ သဘာဝဘေးတခုဖြစ်ပါတယ်။ ဂျာဗားကျွန်းဟာ ကမ္ဘာပေါ်က လူဦးရေ အထူထပ်ဆုံး ကျွန်းလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG