လူ ၂ ေသာင္းခြဲနီးပါး ေသဆုံးခဲ့ရတဲ့ ငလ်င္ဒဏ္သင့္ တူရကီႏိုင္ငံအတြက္ စာနာမႈ အကူအညီေတြနဲ႔အတူ ကူညီကယ္ဆယ္ေရးအဖြဲ႔တဖြဲ႕ အင္ဒိုနီး႐ွားႏိုင္ငံကေန ဒီကေန႔ ထြက္ခြာသြားပါတယ္။ အင္ဒိုနီး႐ွား ကူညီကယ္ဆယ္ေရး နဲ႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ကူညီေထာက္ပံ့ေရးအဖြဲ႔ေတြက အဖြဲ႔ဝင္ ၆၂ ေယာက္ပါတဲ့ ၿမိဳ႕ျပ ႐ွာေဖြ ကူညီကယ္ဆယ္ေရးအဖြဲ႔ USAR ဟာ အေထာက္အပံ့ပစၥည္း တန္ခ်ိန္ ၅ တန္နဲ႔အတူ ဒီကေန႔ မနက္ပိုင္းက တူရကီကို ထြက္ခြာသြားတာပါ။
ကူညီေထာက္ပံ့ေရး ပစၥည္းေတြထဲမွာေတာ့ အစားအေသာက္၊ အဝတ္အထည္၊ ယာယီအမိုးအကာေတြနဲ႔ ေနေရာင္ျခည္စြမ္းအင္သုံး မီးအိမ္ေတြအျပင္ K-9 အနံ႔ခံေခြးေတြလည္း ပါပါတယ္။ အင္ဒိုနီး႐ွားအစိုးရအေနနဲ႔ ဒီလို အကူအညီေတြကို ေလယာဥ္ ၃ စင္းနဲ႔ ေပးဖို႔႐ွိတာမွာ ဒီကေန႔ ပထမဆုံးေလယာဥ္ ထြက္ခြာသြားတာ ျဖစ္တယ္လို႔ လူသား ဖြံ႔ၿဖိဳးေရးနဲ႔ ယဥ္ေက်းမႈဌာနဝန္ႀကီး Muhadjir Effendy က ေျပာပါတယ္။
ဒါ့အျပင္ က်န္းမာေရးဝန္ႀကီးဌာန၊ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔၊ လူသားခ်င္း စာနာကူညီေပးေရး အဖြဲ႔အစည္းေတြက က်န္းမာေရးဝန္ထမ္း အေယာက္ ၉၀ ပါတဲ့ ေနာက္ထပ္ သီးျခားအဖြဲ႔တခုကိုလည္း တနလၤာေန႔မွာ ေစလႊတ္ဖို႔႐ွိၿပီး ဒီအဖြဲ႔ကေတာ့ အေရးေပၚေဆး႐ုံတခု တည္ေဆာက္ၿပီး အကူအညီေတြ ေပးသြားမွာျဖစ္တယ္လို႔ ဝန္ႀကီး Effendy က ေျပာပါတယ္။ ငလ်င္ဒဏ္ အဆိုးဆုံး ခံခဲ့ရတဲ့ တူရကီက ေဒသ ၅ ခုမွာ အင္ဒိုနီး႐ွား ကယ္ဆယ္ေရး အဖြဲ႔ေတြက ကယ္တင္ခဲ့တဲ့ အင္ဒိုနီး႐ွားႏိုင္ငံသား ၁၂၀ ႐ွိၿပီး မေလး႐ွားႏိုင္ငံသား ၂ ေယာက္နဲ႔ ျမန္မာႏိုင္ငံသားတေယာက္ကိုလည္း ကယ္တင္ႏိုင္ခဲ့တဲ့အေၾကာင္း အန္ကာရာၿမိဳ႕ေတာ္မွာ႐ွိတဲ့ အင္ဒိုနီး႐ွားသံ႐ုံးက ထုတ္ျပန္ပါတယ္။
ငလ်င္ေၾကာင့္ ေသဆုံးသူေတြထဲမွာေတာ့ အင္ဒိုနီး႐ွားႏိုင္ငံသား ၂ ဦး ပါဝင္တဲ့အေၾကာင္းလည္း ဗုဒၶဟူးေန႔က သံ႐ုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ တနလၤာေန႔ မနက္ပိုင္းက ျပင္းအား ၈ နီးပါး႐ွိတဲ့ ငလ်င္ေၾကာင့္ တူရကီနဲ႔ ဆီးရီးယားႏွစ္ႏိုင္ငံမွာ လူေသာင္းနဲ႔ခ်ီ ေသဆုံးခဲ့ရၿပီး ေပ်ာက္ဆုံးေနသူေတြ အမ်ားအျပား ႐ွိေနဆဲ ျဖစ္ပါတယ္။ ဒီလို ငလ်င္ဒဏ္သင့္သူေတြအတြက္ အင္ဒိုနီး႐ွားနဲ႔ အာရပ္ႏိုင္ငံေတြ အပါအဝင္ ကမၻာ့ႏိုင္ငံ အေတာ္မ်ားမ်ားက အေရးေပၚ ကူညီကယ္ဆယ္ေရး အဖြဲ႔ေတြနဲ႔ ေထာက္ကူပစၥည္းေတြ ပို႔ေပးေနတာ ျဖစ္ပါတယ္။
==== Unicode =====
လူ ၂ သောင်းခွဲနီးပါး သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်သင့် တူရကီနိုင်ငံအတွက် စာနာမှု အကူအညီတွေနဲ့အတူ ကူညီကယ်ဆယ်ရေးအဖွဲ့တဖွဲ့ အင်ဒိုနီးရှားနိုင်ငံကနေ ဒီကနေ့ ထွက်ခွာသွားပါတယ်။ အင်ဒိုနီးရှား ကူညီကယ်ဆယ်ရေး နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့တွေက အဖွဲ့ဝင် ၆၂ ယောက်ပါတဲ့ မြို့ပြ ရှာဖွေ ကူညီကယ်ဆယ်ရေးအဖွဲ့ USAR ဟာ အထောက်အပံ့ပစ္စည်း တန်ချိန် ၅ တန်နဲ့အတူ ဒီကနေ့ မနက်ပိုင်းက တူရကီကို ထွက်ခွာသွားတာပါ။ကူညီထောက်ပံ့ရေး ပစ္စည်းတွေထဲမှာတော့ အစားအသောက်၊ အဝတ်အထည်၊ ယာယီအမိုးအကာတွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်တွေအပြင် K-9 အနံ့ခံခွေးတွေလည်း ပါပါတယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့ ဒီလို အကူအညီတွေကို လေယာဉ် ၃ စင်းနဲ့ ပေးဖို့ရှိတာမှာ ဒီကနေ့ ပထမဆုံးလေယာဉ် ထွက်ခွာသွားတာ ဖြစ်တယ်လို့ လူသား ဖွံ့ဖြိုးရေးနဲ့ ယဉ်ကျေးမှုဌာနဝန်ကြီး Muhadjir Effendy က ပြောပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့၊ လူသားချင်း စာနာကူညီပေးရေး အဖွဲ့အစည်းတွေက ကျန်းမာရေးဝန်ထမ်း အယောက် ၉၀ ပါတဲ့ နောက်ထပ် သီးခြားအဖွဲ့တခုကိုလည်း တနင်္လာနေ့မှာ စေလွှတ်ဖို့ရှိပြီး ဒီအဖွဲ့ကတော့ အရေးပေါ်ဆေးရုံတခု တည်ဆောက်ပြီး အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီး Effendy က ပြောပါတယ်။ ငလျင်ဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ တူရကီက ဒေသ ၅ ခုမှာ အင်ဒိုနီးရှား ကယ်ဆယ်ရေး အဖွဲ့တွေက ကယ်တင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၂၀ ရှိပြီး မလေးရှားနိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသားတယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တဲ့အကြောင်း အန်ကာရာမြို့တော်မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးက ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် သေဆုံးသူတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံသား ၂ ဦး ပါဝင်တဲ့အကြောင်းလည်း ဗုဒ္ဓဟူးနေ့က သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တနင်္လာနေ့ မနက်ပိုင်းက ပြင်းအား ၈ နီးပါးရှိတဲ့ ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယားနှစ်နိုင်ငံမှာ လူသောင်းနဲ့ချီ သေဆုံးခဲ့ရပြီး ပျောက်ဆုံးနေသူတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလို ငလျင်ဒဏ်သင့်သူတွေအတွက် အင်ဒိုနီးရှားနဲ့ အာရပ်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများက အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ထောက်ကူပစ္စည်းတွေ ပို့ပေးနေတာ ဖြစ်ပါတယ်။