အင္ဒိုနီးႏိုင္ငံအေရွ႕ပိုင္း၊ ပါပူဝါခ႐ိုင္အတြင္းမွာ အရပ္သား ၄ ဦးကို ရက္စက္စြာ သတ္ျဖတ္မႈမွာ ပါ၀င္ပတ္သက္ခဲ့မႈနဲ႔ အင္ဒိုနီးရွားစစ္သား ၄ ဦးကို ပါပူဝါမွာရွိတဲ့ စစ္ခုံ႐ုံးက မေန႔ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔က ေထာင္ဒဏ္အျပစ္ေပးလိုက္ပါတယ္။
အသတ္ခံလိုက္ရတဲ့လူေတြဟာ စစ္သားေတြထံက လက္နက္၀ယ္ဖို႔ႀကိဳးစားၾကရာက အဆင္မေျပျဖစ္ၿပီးတဲ့ေနာက္ စစ္သားေတြက သူတို႔ကို သတ္ျဖတ္လိုက္တာပါ။ အဲဒီေနာက္မွာ သူတို႔႐ုပ္အေလာင္းေတြကို အပိုင္းပိုင္းျဖတ္၊ အိတ္ထဲထည့္ၿပီး Timika ၿမိဳ႕အနီးက ျမစ္ထဲကို ပစ္ခ်ခဲ့တယ္လို႔ အာဏာပိုင္ေတြရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးပါတယ္။
ဒီကိစၥအတြက္ စစ္သား ၆ ေယာက္ အမႈရင္ဆိုင္ခဲ့ရေပမယ့္ တေယာက္ကေတာ့ စီရင္မက်ခင္မွာ ကြယ္လြန္သြားတယ္လို႔ ဆိုပါတယ္။ စစ္သား ၄ ဦးဟာ ကာယကံေျမာက္ လူသတ္မႈက်ဴးလြန္ေၾကာင္း ပါပူဝါ စစ္ခုံ႐ုံးက စီရင္ခ်က္ခ်လိုက္တာမွာ ၂ ဦးကို တသက္တကၽြန္း ခ်မွတ္လိုက္ၿပီး၊ က်န္ ၂ ဦးကေတာ့ ေထာင္ဒဏ္ ၁၅ ႏွစ္နဲ႔ အႏွစ္ ၂၀ အသီးသီး ခ်မွတ္ခံခဲ့ရပါတယ္။
ပါပူဝါေဒသခံေတြအေပၚ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔ရဲ႕ အၾကမ္းဖက္မႈေတြ ဆက္တိုက္ျဖစ္ေပၚေနတာေၾကာင့္ အခုလို စစ္သားေတြကို အျပစ္ေပး အေရးယူလိုက္တာက ေကာင္းမြန္တဲ့ သာဓကတခုျဖစ္တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔တခုျဖစ္တဲ့ KontraS အဖြဲ႔က ေျပာပါတယ္။ ၿပီးခဲ့တဲ့လတုန္းကေတာ့ ဒီအမႈမွာပါ၀င္ပတ္သက္ေနတဲ့ တျခား စစ္သားတေယာက္ကို တရား႐ုံးက တသက္တကၽြန္း ေထာင္ဒဏ္ ခ်မွတ္ခဲ့ပါတယ္။
[Unicode]
အရပ်သားတွေသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားစစ်သားတချို့ အရေးယူခံရ
အင်ဒိုနီးနိုင်ငံအရှေ့ပိုင်း၊ ပါပူဝါခရိုင်အတွင်းမှာ အရပ်သား ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့မှုနဲ့ အင်ဒိုနီးရှားစစ်သား ၄ ဦးကို ပါပူဝါမှာရှိတဲ့ စစ်ခုံရုံးက မနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထောင်ဒဏ်အပြစ်ပေးလိုက်ပါတယ်။
အသတ်ခံလိုက်ရတဲ့လူတွေဟာ စစ်သားတွေထံက လက်နက်ဝယ်ဖို့ကြိုးစားကြရာက အဆင်မပြေဖြစ်ပြီးတဲ့နောက် စစ်သားတွေက သူတို့ကို သတ်ဖြတ်လိုက်တာပါ။ အဲဒီနောက်မှာ သူတို့ရုပ်အလောင်းတွေကို အပိုင်းပိုင်းဖြတ်၊ အိတ်ထဲထည့်ပြီး Timika မြို့အနီးက မြစ်ထဲကို ပစ်ချခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
ဒီကိစ္စအတွက် စစ်သား ၆ ယောက် အမှုရင်ဆိုင်ခဲ့ရပေမယ့် တယောက်ကတော့ စီရင်မကျခင်မှာ ကွယ်လွန်သွားတယ်လို့ ဆိုပါတယ်။ စစ်သား ၄ ဦးဟာ ကာယကံမြောက် လူသတ်မှုကျူးလွန်ကြောင်း ပါပူဝါ စစ်ခုံရုံးက စီရင်ချက်ချလိုက်တာမှာ ၂ ဦးကို တသက်တကျွန်း ချမှတ်လိုက်ပြီး၊ ကျန် ၂ ဦးကတော့ ထောင်ဒဏ် ၁၅ နှစ်နဲ့ အနှစ် ၂၀ အသီးသီး ချမှတ်ခံခဲ့ရပါတယ်။
ပါပူဝါဒေသခံတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် အခုလို စစ်သားတွေကို အပြစ်ပေး အရေးယူလိုက်တာက ကောင်းမွန်တဲ့ သာဓကတခုဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ KontraS အဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ ဒီအမှုမှာပါဝင်ပတ်သက်နေတဲ့ တခြား စစ်သားတယောက်ကို တရားရုံးက တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။