သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပ်ာက္ဆံုး အင္ဒိုေရငုပ္သေဘၤာ အစိတ္အပိုင္းတခ်ိဳ႕ ေတြ႔ရွိ


ေပ်ာက္ဆုံးသြားတဲ့ အင္ဒုိနီးရွား ေရငုပ္သေဘၤာ။ (ေဖေဖာ္ဝါရီ ၆၊ ၂၀၁၂)

(Zawgyi / Unicode)

အင္ဒိုနီးရွားႏုိင္ငံက ေရယာဥ္အမႈထမ္း ၅၃ ေယာက္ လုိက္ပါသြားတဲ့ ေပ်ာက္ဆံုးေရငုပ္သေဘၤာကလို႔ ယူဆရတဲ့ အပိုင္းအစတခ်ိဳ႕ ရွာေတြ႔ရွိတဲ့အေၾကာင္း အင္ဒိုနီးရွားက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ အဲဒီအထဲမွာ ေရငုပ္သေဘၤာအတြင္းက အပိုင္းအစတခ်ိဳ႕လည္း ပါဝင္တယ္လို႔ ေအအက္ဖ္ပီ သတင္းဌာနက ေရးပါတယ္။

ေရယာဥ္ထဲက အမႈထမ္း ၅၃ ဦးအတြက္ ေအာက္ဆီဂ်င္ဟာ အခု စေနအေစာပိုင္းမွာ ျပတ္လပ္သြားမယ္လို႔ ယူဆရတဲ့အေၾကာင္းလည္း တာဝန္ရွိသူေတြက ေျပာပါတယ္။

“ေရငုပ္သေဘၤာ ေနာက္ဆံုး ေရငုပ္သြားတဲ့ ေနရာကေန အပ်က္အစီးေတြနဲ႔ ပစၥည္းတခ်ဳိ႕ကို ၿပီးခဲ့တဲ့ ရက္အနည္းငယ္တုန္းက က်ေနာ္တို႔ ရွာေတြ႔ခဲ့ပါတယ္။” လို႔ ေရတပ္အႀကီးအကဲ Yudo Margono က သတင္းေထာက္ေတြကို ေျပာပါတယ္။ ဒီေရငုပ္သေဘၤာဟာ ဗုဒၶဟူးေန႔တုန္းက ဘာလီကၽြန္း ကမ္းေျခကေန ထြက္ခြာသြားၿပီးေနာက္ ႐ုတ္တရက္ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့တာပါ။

ကြန္ပ်ဴတာစနစ္နဲ႔ ရွာေဖြရာမွာ ေရငုပ္သေဘၤာဟာ ၈၅၀ မီတာအနက္မွာ ေတြ႔ေနရၿပီး ဒီအကြာအေဝးဟာ အသက္ရွင္ႏိုင္တဲ့ အကန္႔အသတ္ထက္ ေက်ာ္ေနေၾကာင္း၊ စစ္ေရးေလ့က်င့္ဖို႔ ျပင္ေနတဲ့ ဒီ ေရငုပ္သေဘၤာဟာ မီတာ ၅၀၀ အနက္အထိသာ ခံႏိုင္ရည္ရွိေၾကာင္း ေရတပ္အႀကီးအကဲက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ပျောက်ဆုံး အင်ဒိုရေငုပ်သင်္ဘော အစိတ်အပိုင်းတချို့ တွေ့ရှိ

အင်ဒိုနီးရှားနိုင်ငံက ရေယာဉ်အမှုထမ်း ၅၃ ယောက် လိုက်ပါသွားတဲ့ ပျောက်ဆုံးရေငုပ်သင်္ဘောကလို့ ယူဆရတဲ့ အပိုင်းအစတချို့ ရှာတွေ့ရှိတဲ့အကြောင်း အင်ဒိုနီးရှားက ကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒီအထဲမှာ ရေငုပ်သင်္ဘောအတွင်းက အပိုင်းအစတချို့လည်း ပါဝင်တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ရေးပါတယ်။

ရေယာဉ်ထဲက အမှုထမ်း ၅၃ ဦးအတွက် အောက်ဆီဂျင်ဟာ အခု စနေအစောပိုင်းမှာ ပြတ်လပ်သွားမယ်လို့ ယူဆရတဲ့အကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

“ရေငုပ်သင်္ဘော နောက်ဆုံး ရေငုပ်သွားတဲ့ နေရာကနေ အပျက်အစီးတွေနဲ့ ပစ္စည်းတချို့ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျနော်တို့ ရှာတွေ့ခဲ့ပါတယ်။” လို့ ရေတပ်အကြီးအကဲ Yudo Margono က သတင်းထောက်တွေကို ပြောပါတယ်။ ဒီရေငုပ်သင်္ဘောဟာ ဗုဒ္ဓဟူးနေ့တုန်းက ဘာလီကျွန်း ကမ်းခြေကနေ ထွက်ခွာသွားပြီးနောက် ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။

ကွန်ပျူတာစနစ်နဲ့ ရှာဖွေရာမှာ ရေငုပ်သင်္ဘောဟာ ၈၅၀ မီတာအနက်မှာ တွေ့နေရပြီး ဒီအကွာအဝေးဟာ အသက်ရှင်နိုင်တဲ့ အကန့်အသတ်ထက် ကျော်နေကြောင်း၊ စစ်ရေးလေ့ကျင့်ဖို့ ပြင်နေတဲ့ ဒီ ရေငုပ်သင်္ဘောဟာ မီတာ ၅၀၀ အနက်အထိသာ ခံနိုင်ရည်ရှိကြောင်း ရေတပ်အကြီးအကဲက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG