သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စားအုန္းဆီတင္ပို႔မႈပိတ္ပင္ခ်က္ အင္ဒိုေတာင္သူေတြကန႔္ကြက္ဆႏၵျပ


အင္ဒိုနီးရွား စားအုန္းဆီေတာင္သူေတြက အစိုးရရဲ႕ စားအုန္းဆီျပည္ပပို႔တဲ့မူဝါဒကို ကန္႔ကြက္ဆႏၵျပေနၾကစဥ္။ (ေမ ၁၇၊ ၂၀၂၂)  MARIANA / AFP

[[Zawgyi/Unicode]]

စားအုန္းဆီတင္ပို႔မႈ ပိတ္ပင္ထားတာကို ဖ်က္သိမ္းဖို႔ေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြကို အင္ဒိုနီးရွားေတာင္သူေတြက ၿမိဳ႕ေတာ္ဂ်ာကာတာနဲ႔ တျခား ၿမိဳ႕အႏွံ႔အျပားမွာ ဆင္ႏႊဲေနၾကပါတယ္။

စီးပြါးေရးရာေပါင္းစပ္ညႇိႏႈိင္းေရး ဝန္ႀကီးဌာန႐ုံးေရွ႕မွာ ေတာင္သူေတြက စု႐ုံး ဆႏၵျပေနၾကတာျဖစ္ပါတယ္။ စားအုန္းဆီထုတ္တဲ့ ဆီအုန္းသီးေတြ အျပည့္တင္ထားတဲ့ ထရပ္ကားတစီးလည္း ဆႏၵျပပြဲမွာပါဝင္ပါတယ္။ ေဒသဆိုင္ရာ အာဏာပိုင္ေတြက သတ္မွတ္ထားတဲ့ ဆီအုန္းသီးေဈးႏႈန္း ရဲ႕ ၇၀ ရာႏႈန္းအထိ ေဈးက က်သြားပါတယ္။ စားအုန္းဆီစက္ေတြရဲ႕ ခန႔္မွန္းစက္ ၂၅ ရာႏႈန္းက ကုန္ၾကမ္း အဝယ္ရပ္လိုက္ၾကပါတယ္။ စဒီလို ေဈးက်ေနတာနဲ႔ ေတာင္သူေတြက စိုက္ဖို႔ေတာင္ တုံ႔ေႏွးေနၾကတယ္လို႔ ဆႏၵျပေနတဲ့ အာေခ်းေဒသက ေတာင္သူ Yuslan Thamrin က ေျပာပါတယ္။

အင္ဒိုနီးရွားဟာ ကမာၻမွာ စားအုန္းဆီတင္ပို႔တာ အႀကီးမားဆုံးႏိုင္ငံ ျဖစ္ပါတယ္။ ခုလို ပိတ္ပင္လိုက္တဲ့အတြက္ ဒုတိယအႀကီးမားဆုံးတင္ပို႔တဲ့ မေလးရွားႏိုင္ငံက ေဈးကြက္လိုအပ္ခ်က္ကို ဝင္ယူဖို႔ ႀကိဳးစားေနပါတယ္။ အင္ဒိုနီးရွား ေတာင္သူေတြ ခံစားေနရတဲ့အခ်ိန္မွာ မေလးရွားေတာင္သူေတြ ၿပဳံးေနၾကၿပီ ဆိုတဲ့ စာတမ္းပါ ကဒ္ျပားေတြကို ဆႏၵျပသူေတြက ကိုင္ထားၾကပါတယ္။

ျပည္တြင္း စားသုံးဆီေဈးေတြတက္လာခဲ့တဲ့အတြက္ စားအုန္းဆီတင္ပို႔မႈကို အစိုးရက ပိတ္ပင္ခဲ့တာပါ။

မႏွစ္ ဇူလိုင္လက စားအုန္းဆီေစ်း တလီတာ ၁၃,၃၀၀ ႐ူပီး ေဈးကေန ဒီႏွစ္ မတ္လမွာ ၁၈,၀၀၀ ေဈးအထိ ၁၃၅ ရာႏႈန္း တက္ခဲ့တာ ျဖစ္ပါတယ္။ စားအုန္းဆီ ေဈး ၁၄,၀၀၀ ႐ူပီး က်သြားတဲ့အထိ စားအုန္းဆီတင္ပို႔တာကို ဆက္လက္ ပိတ္ပင္ထားမယ္လို႔ စီးပြါးေရးရာဝန္ႀကီး Airlangga Hartarto က ေျပာပါတယ္။

Indikator PolitikIndonesia ရဲ႕ သေဘာထား စစ္တမ္းအရ သမၼတ Joko Widodo အေပၚ ေမလမွာ ေထာက္ခံတဲ့ ရာႏႈန္း က ၅၈.၁ ရာႏႈန္း အထိ က်သြားပါတယ္။ ၂၀၁၅ ဒီဇင္ဘာလကတည္းက ဆိုရင္ အနိမ့္ဆုံး ေထာက္ခံမႈ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

စားအုန်းဆီတင်ပို့မှုပိတ်ပင်ချက် အင်ဒိုတောင်သူတွေကန့်ကွက်ဆန္ဒပြ

စားအုန်းဆီတင်ပို့မှု ပိတ်ပင်ထားတာကို ဖျက်သိမ်းဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို အင်ဒိုနီးရှားတောင်သူတွေက မြို့တော်ဂျာကာတာနဲ့ တခြား မြို့အနှံ့အပြားမှာ ဆင်နွှဲနေကြပါတယ်။

စီးပွါးရေးရာပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးဌာနရုံးရှေ့မှာ တောင်သူတွေက စုရုံး ဆန္ဒပြနေကြတာဖြစ်ပါတယ်။ စားအုန်းဆီထုတ်တဲ့ ဆီအုန်းသီးတွေ အပြည့်တင်ထားတဲ့ ထရပ်ကားတစီးလည်း ဆန္ဒပြပွဲမှာပါဝင်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ ဆီအုန်းသီးဈေးနှုန်း ရဲ့ ၇၀ ရာနှုန်းအထိ ဈေးက ကျသွားပါတယ်။ စားအုန်းဆီစက်တွေရဲ့ ခန့်မှန်းစက် ၂၅ ရာနှုန်းက ကုန်ကြမ်း အဝယ်ရပ်လိုက်ကြပါတယ်။ စဒီလို ဈေးကျနေတာနဲ့ တောင်သူတွေက စိုက်ဖို့တောင် တုံ့နှေးနေကြတယ်လို့ ဆန္ဒပြနေတဲ့ အာချေးဒေသက တောင်သူ Yuslan Thamrin က ပြောပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာမှာ စားအုန်းဆီတင်ပို့တာ အကြီးမားဆုံးနိုင်ငံ ဖြစ်ပါတယ်။ ခုလို ပိတ်ပင်လိုက်တဲ့အတွက် ဒုတိယအကြီးမားဆုံးတင်ပို့တဲ့ မလေးရှားနိုင်ငံက ဈေးကွက်လိုအပ်ချက်ကို ဝင်ယူဖို့ ကြိုးစားနေပါတယ်။ အင်ဒိုနီးရှား တောင်သူတွေ ခံစားနေရတဲ့အချိန်မှာ မလေးရှားတောင်သူတွေ ပြုံးနေကြပြီ ဆိုတဲ့ စာတမ်းပါ ကဒ်ပြားတွေကို ဆန္ဒပြသူတွေက ကိုင်ထားကြပါတယ်။

ပြည်တွင်း စားသုံးဆီဈေးတွေတက်လာခဲ့တဲ့အတွက် စားအုန်းဆီတင်ပို့မှုကို အစိုးရက ပိတ်ပင်ခဲ့တာပါ။

မနှစ် ဇူလိုင်လက စားအုန်းဆီဈေး တလီတာ ၁၃,၃၀၀ ရူပီး ဈေးကနေ ဒီနှစ် မတ်လမှာ ၁၈,၀၀၀ ဈေးအထိ ၁၃၅ ရာနှုန်း တက်ခဲ့တာ ဖြစ်ပါတယ်။ စားအုန်းဆီ ဈေး ၁၄,၀၀၀ ရူပီး ကျသွားတဲ့အထိ စားအုန်းဆီတင်ပို့တာကို ဆက်လက် ပိတ်ပင်ထားမယ်လို့ စီးပွါးရေးရာဝန်ကြီး Airlangga Hartarto က ပြောပါတယ်။

Indikator PolitikIndonesia ရဲ့ သဘောထား စစ်တမ်းအရ သမ္မတ Joko Widodo အပေါ် မေလမှာ ထောက်ခံတဲ့ ရာနှုန်း က ၅၈.၁ ရာနှုန်း အထိ ကျသွားပါတယ်။ ၂၀၁၅ ဒီဇင်ဘာလကတည်းက ဆိုရင် အနိမ့်ဆုံး ထောက်ခံမှု ဖြစ်ပါတယ်။

===============

XS
SM
MD
LG