သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆယ်စုနှစ်တခုကြာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆုံးသတ်သွားပြီလို့ ICG ထောက်ပြ


တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲမှတ်တမ်းဓာတ်ပုံ (ဖေဖေါ်ဝါရီ ၁၃၊ ၂၀၁၈)
တနိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲမှတ်တမ်းဓာတ်ပုံ (ဖေဖေါ်ဝါရီ ၁၃၊ ၂၀၁၈)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သေဆုံးသွားပြီလို့ နိုင်ငံတကာ အကျပ်အတည်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ International Crisis Group (ICG) က ပြောလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် လူထုထိခိုက်ရတဲ့ ပဋိပက္ခတွေ အရှိန် မြင့်လာပြီး လူမျိုးစုလက်နက်ကိုင်အဖွဲ့ အများအပြားပါဝင်တဲ့ ဆယ်စုနှစ်တခုကြာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆုံးသတ်သွားပြီလို့ ICG က ထောက်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံတကာက အလှူရှင်နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနေတာကနေ လက်နက်ကိုင်ပဋိုပက္ခဖြစ်နေတဲ့ ဒေသတွေကလူထုကို ကူညီထောက်ပံ့ရေးလုပ်ငန်းဘက် အာရုံပြောင်းသင့်တယ်လို့ ဒီကနေ့ ထုတ် ICG အစီရင်ခံစာသစ်တခုမှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်တွေယူူဖို့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတာမျိုး နိုင်ငံတကာ အနေနဲ့ ရှောင်သင့်တယ်၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တခြား အတိုက် အခံအဖွဲ့တွေကလူတွေနဲ့ ထိတွေ့ဆက်ဆံသင့်တယ်၊ လူသားစာနာမှု လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးဖို့ နိုင်ငံတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်သင့်တယ်လို့ ICG က အကြံပေး တိုက်တွန်းထားပါတယ်။

စစ်တပ်ဟာ အခုဆိုရင် ရန်ဘက်အသစ်တွေသာမက အားသစ်လောင်း ရန်ဘက် တွေနဲ့ပါ ရင်ဆိုင်နေရပြီးတော့ အဲဒီအဖွဲ့တွေ ထဲက တချို့ဟာဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံတော် ထူထောင်ရေးဆိုတဲ့ ဘုံရည်မှန်းချက်အောက်မှာ စပြီး ညီညွတ်လာနေ ကြပြီလို့ ICG က သုံးသပ်ထားပါတယ်။

ဒါကြောင့် အတိုက်အခံတွေဘက်မှာ ရပ်တည်တာမျိုးမလုပ်ဖို့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီက သွေးဆောင် စည်းရုံးလာလိမ့်မယ်လို့လည်း ICG က ခန့်မှန်းထားပါတယ်။ စစ်ကောင်စီဘက်ကပဲဖြစ်ဖြစ်ဖြစ်၊ အတိုက်အခံတွေဘက်ကပဲဖြစ်ဖြစ် သိပ်မကြာခင်မှာ အောင်မြင်မှုရမယ့်ပုံ မရှိသေးတာကြောင့် ပဋိပက္ခမြင့်မားလာတာကနေ သိသာထင်ရှားတဲ့ လူသားဘေးဒုက္ခ အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ ICG အစီရင်ခံစာမှာ သုံးသပ်ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]








#MyanmarPeaceProcess #MyanmarPolitics #InternationalCrisisGroup #VOABurmese

===========

XS
SM
MD
LG