သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေဒေးနေ့ မြန်မာတဝှမ်းကျင်းပ


CTUM myanmar
CTUM myanmar

ခေတ်ကာလနဲ့လျော်ညီတဲ့ လုပ်ခလစာ မရရှိတာအပါအဝင် ကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေတွေ နဲ့အတူ ဥပဒေရဲ့ အကာအကွယ် မရတာတွေဟာ လက်ရှိ အလုပ်သမားတွေ အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲ တွေဖြစ်တယ်လို့ အလုပ်သမား အဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ (တနင်္ဂ လာ) နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေဒေးနေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံတွင်း ဒေသတချို့မှာ ကျင်းပကြပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သ တင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

မေလ ၁ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေးစတဲ့ မြို့ ကြီးတွေအပါအဝင် မကွေးတိုင်း ချောက်မြို့နယ်မှာလည်း ရေနံမြေ အလုပ်သမားတွေ စု ပေါင်းပြီး နှီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် ခေတ်နဲ့ လျော်ညီတဲ့ လုပ်ခလစာမရတာ၊ ဥပဒေရဲ့ အ ကာအကွယ် မရတာတွေဟာ အဓိက အခက်အခဲဖြစ်ပြီး အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ အနာဂတ် ဘဝအတွက် မူဝါဒကောင်းတွေ ချမှတ်ပေးဖို့မျှော်လင့်တယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်း ဆောင် ရွက်ရေး ကော်မတီ(CCTU) ရဲ့ အတွင်းရေးမှူး ကိုရဲနိုင်ဝင်းက ပြောပါတယ်။

“လက်ရှိအခြေအနေတော့မဟုတ်ပါဘူး ကျနော်တို့ နှစ်ပေါင်း ၁၀၀ လုံးလုံးကြုံတွေ့နေတဲ့ပြဿနာက ၃ ရပ်ရှိပါတယ်။ ဘယ်လိုပဲ ခေါင်းစဉ်တွေကွဲကွဲ ဒါကဘာလဲဆိုတော့ ခေတ်ကာလနဲ့ လျော်ညီတဲ့ လုပ်ခလစာ ကျနေ်ာတို့ လိုချင်တယ်။ နိုင်ငံ့ဝန်ထမ်းတွေလည်း ဒီအတိုင်းပဲ ၊ ကျနော်တို့ အရပ်ဖက်အလုပ်သမားတွေ စက်မှုဇုံအလုပ်သမားတွေ အားလုံးခံစားချက်က ဒါပဲ လိုအပ်ချက်က။ အခုခေတ်ကာလနဲ့ လျော်ညီတဲ့ ကျနော်တို့ စားသောက်နေထိုင်တာနဲ့ လုံလောက်တဲ့ လုပ်ခလစာကို ကျနေ်ာတို့လိုချင်တယ်။ နောက်တချက်က ဘာလဲဆိုရင် လုပ်ငန်းခွင်အခြေအနေတွေကို ပိုမိုကောင်းမွန်စေချင်တယ်။ ကျနော်တို့အတွက် အကာအကွယ်ပြုတဲ့ တကယ်ဥပဒေအရ ရပိုင်ခွင့်တွေကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းခွင်တွေဖြစ်စေချင်တယ် ဒါက ဒုတိယအချက်။ တတိယအချက်ကတော့ ကျနော်တို့ရဲ့ အနာဂတ်ဘဝတွေကို ပိုမိုကောင်းမွန်အောင် သက်ဆိုင်ရာ အစိုးရတွေက ဘယ်လိုမူဝါဒတွေချမှတ်ပြီးအကောင်အထည်ဖော်သွားမလဲဆိုတာ ကျနော်တို့ မျှော်လင့်တယ်။ ဒါက ကျနော်တို့လိုလားတဲ့ အဓိက ၃ ချက်ပါပဲ။”

ရေနံမြေ အလုပ်သမားတွေ ပါဝင်တဲ့ မကွေးတိုင်း ချောက်မြို့နယ်က အလုပ်သမားနေ့ အခမ်းအနားကို တော့ အစိုးရရဲ့ သြဝါဒခံယူတဲ့ ပုံစံမျိုးမဟုတ်ဘဲ လွတ်လပ်တဲ့ အလုပ်သမား နှီးနှောဖလှယ် ပွဲမျိုးဖြစ် အောင် ကျင်းပတာဖြစ်ပြီး လက်ရှိ လုပ်ခလစာနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ၊ အလုပ်သမားတွေ ကိုယ် တိုင် အနာဂတ်ဘဝ တိုးတက်ရေးအတွက် ဘာတွေလုပ်မလဲ စတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဦးစီးကျင်ပတဲ့ ရန်ကုန်တိုင်း လှိုင်သာယာ မြို့ နယ်က မေဒေးနေ့ အခမ်းအနားကိုတော့ အလုပ်သမား ၅၀၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေ တရားဝင် ဖွဲ့စည်းခွင့်ပေးထားပေမယ့်လည်း အဲ့ဒီ သမဂ္ဂတွေမှာ ပါဝင်သူတွေဟာ လုပ်ငန်းခွင်မှာ ဖိနှိပ်မှုတွေ ကြုံတွေ့နေရဆဲဖြစ်ပြီး အလုပ်သမားဥပဒေ တော်တော်များ များဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) စံနှုန်းတွေနဲ့ ကွာဟနေတယ် လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)ရဲ့ လက်ထောက် အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ဆိုပါတယ်။

“ကျမတို့ ညီအကိုမောင်နှမ အလုပ်သမားတွေ တကမ္ဘာလုံးမှာ သိထားပြီးသားဖြစ်တဲ့ အလုပ်ချိန် ၈ နာရီအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့နေ့ အဲဒါကို ကျမတို့က အောင်မြင်တဲ့နေနဲ့ ကျမတို့ ဂုဏ်ပြုပြီးကျင်းပတာဖြစ်တယ်။ဒီမှာ ကျမတို့ အစိုးရကိုယ်စားလှယ်တွေလာတတ်ပေးတာကိုလည်း အဲဒါကိုကျေးဇူးတင်တယ်။ ဒါပေမယ့် ကျမတို့တိုင်းပြည်က ဒီမှာမပြီးသွားဘူး ပြောမယ်ဆိုရင် ILOရဲ့ ပြဌာန်းချက်အမှတ်၁ ကိုပဲ အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်သေးတယ်။ ကျမတို့တိုင်းပြည်အနေနဲ့ကအများကြီးလိုက်နာဖို့လိုသေးတယ်။ လေးစားလိုက်နာဖို့လိုသေးတယ်၊အကောင်အထည်ဖော်ဖို့လိုသေးတယ် ဒါကြောင့် အစိုးရ ၊အလုပ်ရှင်၊ အလုပ်သမား၃ ပွင့်ဆိုင်ကနေပြီးတော့ လူမှုရေးမိတ်ဖက်ကောင်းအနေနဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် တက်နိုင်သမျှ ကြိုးစားဆောင်ရွက်ဖို့လိုတယ်ဆိုတာကို ကျမအနေနဲ့ တိုက်တွန်းပြောကြားချင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကျမတို့က လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့်နဲ့ ပတ်သက်ရင် နိုင်ငံအနေနဲ့က သမဂ္ဂ ဖွဲ့စည်းတဲ့နေရာမှာ အဲဒီ သမဂ္ဂ အဖွဲ့ဝင်ခေါင်းဆောင်တွေကို အလုပ်ထုတ်လို့မရအောင် ၊ သမဂ္ဂ ဖွဲ့စည်းမှုအတွက် ပြစ်ဒဏ်ပေးလို့မရအောင် ကာကွယ်ပေးနိုင်တဲ့အနေအထားမျိုးဖြစ်ရမယ်။ ကျမတို့တိုင်းပြည်မှာက အဲဒီလိုအကာအကွယ်ပေးနိုင်တဲ့အနေအထားမျိုးမရှိသေးဘူး။”

၂၀၁၅ သြဂုတ်လထဲမှာ အစိုးရက အနည်းဆုံးလုပ်ခလစာ ၃၆၀၀ သတ်မှတ်ပေးထားခဲ့ပေမယ့်လည်း အခြေအနေ ပိုတိုးတက်မလာတာကြောင့် အနည်းဆုံးလုပ်ခလစာ ပြန်လည်သုံးသပ်ရေးအတွက် အစိုးရအနေနဲ့ ဇန်နဝါရီလကစပြီး ကော်မတီဖွဲ့စည်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတ ဦးထင်ကျော်ကလည်း အလုပ်သမားနေ့ အခမ်းအနားကို သဝဏ်လွှာတစောင် ပေးပို့ပြီး နိုင်ငံ တကာမှာ အလုပ်ရှင်နဲ့အလုပ်သမားတွေ ပူးပေါင်းဆောင်ရွက်နေတာတွေကို စံနမူယူပြီး အလုပ်ရှင် ၊ အလုပ်သမား ပြိုင်တူအားထုတ်ကြဖို့ တိုက်တွန်းထားတာလည်းရှိပါတယ်။

မေဒေးနေ့ မြန်မာတဝှမ်းကျင်းပ
please wait

No media source currently available

0:00 0:04:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG