သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယောဂနေ့အခမ်းအနား မြန်မာနဲ့ နိုင်ငံတကာမှာကျင်းပ


အပြည်ပြည်ဆိုင်ရာ ယောဂနေ့ (Leng Len/VOA Khmer)
အပြည်ပြည်ဆိုင်ရာ ယောဂနေ့ (Leng Len/VOA Khmer)

ကုသလမဂ္ဂရဲ့ အားပေးထောက်ခံမှုနဲ့ ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို ဒီကနေ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝှမ်းမှာ ဆင်နွှဲကြပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ချန်ဒီကရပ် မြို့မှာ လူ သုံးသောင်းလောက် ပါဝင်ပြီး အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ် စုပေါင်း ယောဂကျင့်ကြတာမှာ ဝန်ကြီးချုပ်မိုဒီ ကိုယ်တိုင် အားတက်သရော ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ယောဂလုပ်တဲ့ အလေ့အကျင့်ကို ကျန်းမာရေးအတွက် ကောင်းစေပြီး ဘာသာစွဲကင်းတဲ့ အလေ့အကျင့်တခုအဖြစ် မစ္စတာ မိုဒီ စွဲမြဲလုပ်လာခဲ့တာပါ။ ဒီကနေ့ ယောဂနေ့ အထိမ်းအမှတ်ဆင်နွှဲတာမှာတော့ သာမန်အာဖြင့် ယောဂ လုပ်လေ့လုပ်ထမရှိတဲ့ နေရာတွေမှာပါ ယောဂလုပ်ခဲ့ ကြပါတယ်။

မွန်ဘိုင်းမြို့ သင်္ဘောကျင်းက လွန်းတင်ထားတဲ့ စစ်သင်္ဘောပေါ်မှာ ရေတပ်သား ၁ ထောင် ၁ ရာ လောက် စုဝေး ယောဂ လေ့ကျင့်ခဲ့ကြသလို၊ အိန္ဒိယလေကြောင်းလိုင်းတခုကလည်း သူတို့ရဲ့ လေယာဉ်ခရီးစဉ်တခုကို ခရီးသွားတွေနဲ့အတူ ယောဂကျင့်ပြီး စခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံမှာတော့ Sydney Harbor တံတားကြီး ပေါ်မှာ ယောဂလေ့ကျင့်ခန်း နှစ်သက်သူတွေ စုဝေး လေ့ကျင့်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို ဒီလ ၁၉ ရက်နေ့က အိန္ဒိယသံရုံးရဲ့ အစီအစဉ်နဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပခဲ့ပြီး မန္တလေးမြို့မှာလည်း အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးရဲ့ အစီအစဉ်နဲ့ ကျင်းပခဲ့ပါတယ်။ ဒီနှစ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကိုတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG