သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

INTERPOL အကြီးအကဲကို စစ်ဆေးနေကြောင်း တရုတ်ထုတ်ပြန်


INTERPOL အကြီးအကဲ Meng Hongwei
INTERPOL အကြီးအကဲ Meng Hongwei

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ INTERPOL အကြီးအကဲ Meng Hongwei ကို မလျော်မကန် လုပ်ဆောင်တယ်ဆိုတဲ့ သံသယနဲ့ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း တရုတ်နိုင်ငံက တနင်္ဂနွေနေ့မှာပြောပါတယ်။

တရုတ်၊ လူထုလုံခြုံရေးဆိုင်ရာ ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ Meng Hongwei ပျောက်ဆုံးနေတယ်လို့ ပြင်သစ်နိုင်ငံမှာ သတင်းပို့ ထားပြီးတဲ့နောက် တရုတ်က အခုလိုပြောလာတာပါ။

တရုတ်၊ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ရဲ့ ပြောဆိုချက်ဟာ Meng ပျောက်ဆုံးနေတဲ့အကြောင်း ပြီးခဲ့တဲ့သောကြာနေ့က ပြင်သစ်နိုင်ငံမှာ သတင်းပို့ထားပြီးတဲ့နောက်ပိုင်း တရုတ်ဘက်က ပထမဆုံး တရားဝင်ပြောဆိုချက်ဖြစ်ပါတယ်။ INTERPOL အဖွဲ့ အခြေစိုက်ရာ ပြင်သစ်နိုင်ငံကနေ တရုတ်နိုင်ငံကို ခရီးထွက်သွားပြီးတဲ့နောက် Meng ပျောက်ဆုံးနေတယ်လို့ သူ့ရဲ့ဇနီးဖြစ်သူက ပြင်သစ်ရဲတပ်ဖွဲ့ကို သတင်းပို့ခဲ့တာပါ။

တရုတ်၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ တင်ထားတဲ့ ထုတ်ပြန်ချက်အတိုထဲမှာ “လူထုလုံခြုံရေးဆိုင်ရာ ဒုတိယဝန်ကြီး Meng Hongwei ကို ဥပဒေချိုးဖောက်တယ်ဆိုတဲ့ သံသယနဲ့ အမျိုးသား ကြီးကြပ်ရေး ကော်မရှင်က လက်ရှိမှာ စုံစမ်းစစ်ဆေးနေပါတယ်” လို့ ဖော်ပြထားပါတယ်။

နောက်ပိုင်းမှာတော့ Meng ဟာ INTERPOL အကြီးအကဲအဖြစ်ကနေ နုတ်ထွက်သွားပြီး ယာယီအကြီးအကဲအဖြစ် တောင်ကိုရီး ယားနိုင်ငံသား Kim Jong Yang က တာဝန်ယူမယ်လို့ INTERPOL က ပြောပါတယ်။ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့တော်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိအလုပ်မယ့် INTERPOL အစည်းအဝေးမှာ အကြီးအကဲသစ် ကို ရွေးချယ်ခန့်ထားတဲ့အချိန်ထိ Kim Jong Yang က တာဝန်ယူသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG