မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေမှာ နိုင်ငံတကာရဲ့ပံပိုးကူညီမှုတွေကြောင့်
မြန်မာအမျိုးသမီးတွေဟာ ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်တွေ၊ နိုင်ငံတကာ အမျိုးသမီးထုတို့နဲ့ လက်တွဲဆောင်ရွက်လာနိုင်ပြီလို့ ရန်ကုန်အခြေစိုက် Concord အဖွဲ့ ဥက္ကဋ္ဌ မစိုးထက်ဝင်းက ဗွီအိုအေကိုပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီအခြေစိုက် Woodrow Wilson Center ကဦးစီးကျင်းပတဲ့ ပြည်သူ့ဝန်ထမ်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ဦးဆောင်စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်ရေးနဲ့ပတ်သက်တဲ့ နိုင်ငံတကာဆွေးနွေးပွဲကို မစိုးထက်ဝင်းက တက်ရောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးစဉ်အဖြစ်လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့လည်း တွေဆုံခွင့်ရခဲ့သူတဦးပါ။ အခု ၀ါရှင်ဒီစီမြို့တော်ကိုရောက်ရှိနေချိန်မှာ ဗွီအိုအေမြန်မာပိုင်းကဖိတ်ခေါ်ပြီးတွေ့ဆုံမေးမြန်းခဲ့ပါတယ်။