သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

IORA ၀င္ဖို႔ ျမန္မာေလွ်ာက္ထားမႈ ဘဂၤလားကန္႔ကြက္


IORA အမွတ္တံဆိပ္

(Zawgyi/Unicode)

အဖြဲ႔ဝင္ ၂၂ ႏိုင္ငံနဲ႔ ေဆြးေႏြးဖက္ႏိုင္ငံ ၉ ႏိုင္ငံ ပါဝင္တဲ့ IORA အိႏၵိယသမုဒၵရာ ေဒသတြင္းႏိုင္ငံမ်ားအဖြဲ႔မွာ အဖြဲ႔ဝင္အျဖစ္ ျမန္မာႏိုင္ငံရဲ့ ေလွ်ာက္ထားခ်က္ကို ဘဂၤလားေဒ့ရွ္ ႏုိင္ငံက ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ့ပါတယ္။

ႏုိဝင္ဘာလ ၅ ရက္ - ၆ ရက္ မွာ UAE အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု Abu Dhabi မွာ က်င္းပတဲ့ IORA ေကာင္စီရဲ႕ CSO အႀကီးတန္းအရာရွိမ်ားရဲ့ ၂၁ ႀကိမ္ေျမာက္ အစည္းအေဝး မွာ ျမန္မာက အဖြဲ႔ဝင္အျဖစ္ ဒုတိယအႀကိမ္ ထပ္မံေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက ရိုဟင္ဂ်ာေတြ ဌာေနျပန္ေရး အတြက္ ပူးေပါင္းေဆာင္ရြက္မႈ မရွိပဲ IORA ေနာက္ဆံုးေဆြးေႏြးပြဲ က်င္းပခ်ိန္ကစၿပီး အခုခ်ိန္ထိ ဘာမွ ေျပာင္းလဲမႈ မရွိေသးဘူးလို႔ ေျပာၿပီး ျမန္မာႏိုင္ငံရဲ့ အဖြဲ႔ဝင္အျဖစ္ ထပ္မံေလွ်ာက္ထားခ်က္ကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ့တာပါ။

IORA ပဋိဥာဥ္စာတမ္း စာပိုဒ္ ၂ (ဂ) အရ ျပႆနာအားလံုးအတြက္ တညီတညြတ္ထဲ ဆံုးျဖတ္ရမယ့္ ဥပေဒ ခ်မွတ္ထားတာ ျဖစ္ၿပီး အခု ဘဂၤလားေဒ့ရွ္ ႏိုင္ငံရဲ့ ကန္႔ကြက္မႈေၾကာင့္ ျမန္မာကို အဖြဲ႔ဝင္အျဖစ္ လက္ခံဖို႔ ျငင္းဆိုတာ ျဖစ္ပါတယ္။

၁၉ ႀကိမ္ေျမာက္ IORA ေကာင္စီဝန္ႀကီးမ်ားအဆင့္ ေဆြးေႏြးပြဲကိုလည္း ၾကာသပေတးေန႔မွာပဲ က်င္းပမွာ ျဖစ္ၿပီး ဒီေဆြးေႏြးပြဲမွာ အလွည့္က် ဒုတိယ သဘာပတိအျဖစ္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံကို တရားဝင္ လႊဲေျပာင္းေပးမွာ ျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္က ၂၀၁၉ ေအာက္တိုဘာကေန ၂၀၂၁ ေအာက္တိုဘာအထိ ဒီတာဝန္ကို ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။

ဒီ ၂ ႏွစ္သက္တမ္းအတြက္ IORA ရဲ႕ အလွည့္က် ဥကၠဌအျဖစ္ UAE ကို တရားဝင္ လႊဲေပးမွာလည္း ျဖစ္ပါတယ္။

IORA ၀င္ဖို႔ ျမန္မာေလွ်ာက္ထားမႈ ဘဂၤလားကန္႔ကြက္
please wait

No media source currently available

0:00 0:01:19 0:00
တိုက္႐ိုက္ လင့္ခ္


.................

IORA ဝင်ဖို့ မြန်မာလျှောက်ထားမှု ဘင်္ဂလားကန့်ကွက်

(Unicode)

အဖွဲ့ဝင် ၂၂ နိုင်ငံနဲ့ ဆွေးနွေးဖက်နိုင်ငံ ၉ နိုင်ငံ ပါဝင်တဲ့ IORA အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းနိုင်ငံများအဖွဲ့မှာ အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံရဲ့ လျှောက်ထားချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၅ ရက် - ၆ ရက် မှာ UAE အာရပ်စော်ဘွားများ ပြည်ထောင်စု Abu Dhabi မှာ ကျင်းပတဲ့ IORA ကောင်စီရဲ့ CSO အကြီးတန်းအရာရှိများရဲ့ ၂၁ ကြိမ်မြောက် အစည်းအဝေး မှာ မြန်မာက အဖွဲ့ဝင်အဖြစ် ဒုတိယအကြိမ် ထပ်မံလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု မရှိပဲ IORA နောက်ဆုံးဆွေးနွေးပွဲ ကျင်းပချိန်ကစပြီး အခုချိန်ထိ ဘာမှ ပြောင်းလဲမှု မရှိသေးဘူးလို့ ပြောပြီး မြန်မာနိုင်ငံရဲ့ အဖွဲ့ဝင်အဖြစ် ထပ်မံလျှောက်ထားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာပါ။

IORA ပဋိဉာဉ်စာတမ်း စာပိုဒ် ၂ (ဂ) အရ ပြဿနာအားလုံးအတွက် တညီတညွတ်ထဲ ဆုံးဖြတ်ရမယ့် ဥပဒေ ချမှတ်ထားတာ ဖြစ်ပြီး အခု ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် မြန်မာကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ငြင်းဆိုတာ ဖြစ်ပါတယ်။

၁၉ ကြိမ်မြောက် IORA ကောင်စီဝန်ကြီးများအဆင့် ဆွေးနွေးပွဲကိုလည်း ကြာသပတေးနေ့မှာပဲ ကျင်းပမှာ ဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ အလှည့်ကျ ဒုတိယ သဘာပတိအဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တရားဝင် လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ၂၀၁၉ အောက်တိုဘာကနေ ၂၀၂၁ အောက်တိုဘာအထိ ဒီတာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ဒီ ၂ နှစ်သက်တမ်းအတွက် IORA ရဲ့ အလှည့်ကျ ဥက္ကဌအဖြစ် UAE ကို တရားဝင် လွှဲပေးမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG