သုံးရလွယ်ကူစေသည့် Link များ

အီရန် လွှတ်တော် တိုက်ခိုက်မှု ဆော်ဒီကို ပြစ်တင်


အီရန် ခေါင်းဆောင် Ayatollah Ruhollah Khomeini ဂူဗိမ္မာန်ကို လုံခြုံရေး ယူထားစဉ်။

အီရန်နိုင်ငံရဲ့ အထင်ကရ နေရာတခုမှာ ဗုဒ္ဓဟူးနေ့က ဖြစ်သွားခဲ့တဲ့ ပေါက်ကွဲမှု ၂ ခုကို ဆော်ဒီအာရေးဗျ နိုင်ငံက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်က ပြစ်တင် ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အမေရိကန်သမ္မတ Donald Trump နဲ့ အကြမ်းဖက်ဝါဒကို ထောက်ခံ အားပေးပြီး နောက်ပြန်ဆွဲနေတဲ့ ဆော်ဒီ ခေါင်းဆောင်တွေ တွေ့ဆုံအပြီး သီတင်းတပတ်အကြာမှာ ဖြစ်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့တယ်လို့ IS အစ္စလာမ္မစ် စစ်သွေးကြွတွေက ပြောဆိုခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒီ လူမဆန်တဲ့ တိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့တယ်ဆိုတာ သက်သေ ပြလိုက်တာဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူ ၁၂ ယောက်သေဆုံးပြီး ၄၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့ ပါလီမန်နဲ့ ကွယ်လွန်သူ ခေါင်းဆောင် Ayatollah Ruhollah Khomeini ဂူဗိမ္မာန်တို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွက် သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း တီဟီရန်မြို့ ရဲချုပ် Hossein Sajedinia ပြောတာကို ကိုးကားပြီး အီရန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း IS အဖွဲ့က ချက်ခြင်း ၀န်ခံ ပြောကြားခဲ့ပါတယ်။

ရှီယိုက် မွတ်ဆလင်ဘာသာဝင် အများစု နေထိုင်တဲ့ အီရန်နိုင်ငံအတွင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဆူနီး မွတ်ဆလင် အဖွဲ့က အခုလို ပြောဆိုလိုက်တာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ Donald Trump က ကြေညာချက် ထုတ်ပြန်တာမှာ အပြစ်မဲ့ သေဆုံးသူတွေအတွက် ၀မ်းနည်းကြေကွဲကြောင်းနဲ့ သူတို့အတွက် ဆုတောင်းပါကြောင်း၊ အီရန်နိုင်ငံသားတွေဟာ ခက်ခဲတဲ့ ကာလကို ဖြတ်သန်းနေရကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG