သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးယူ ဒဏ်ခတ် ပိတ်ဆို့မှုသစ် အီရန် ရှုတ်ချ


အီရန်စစ်တပ်ကထုတ်ပြန်တဲ့ အီရန် စစ်ရေးကျင့်မှုမှတ်တမ်းဓာတ်ပုံ (ဇန်နဝါရီ ၁၉၊ ၂၀၂၄)
အီရန်စစ်တပ်ကထုတ်ပြန်တဲ့ အီရန် စစ်ရေးကျင့်မှုမှတ်တမ်းဓာတ်ပုံ (ဇန်နဝါရီ ၁၉၊ ၂၀၂၄)

ရုရှားကို ပဲ့ထိန်းသုံး ဒုံးကျည်တွေ ပေးပို့ခဲ့တယ်ဆိုပြီး အီရန်အပေါ် ဥရောပနိုင်ငံတွေက အရေးယူ ပိတ်ဆို့မှု အသစ်တွေ ပြဋ္ဌာန်းလိုက်တာကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်က Esmaeil Baghaei က ရှုတ်ချ ကန့်ကွက်လိုက်ပါတယ်။

ဥရောပနိုင်ငံတွေဘက်က စွပ်စွဲချက်ဟာ မဟုတ်မမှန်ဘူးလို့လည်း X လူမှုကွန်ယက်မှာ ပြန်လည် ငြင်းဆိုထားပါတယ်။ အီရန်နိုင်ငံက လူပုဂ္ဂိုလ် ၇ ဦးနဲ့ Iran လေကြောင်းလိုင်းအပါဝင် အဖွဲ့အစည်း ၇ ခုကို ရုရှားကို ပဲ့ထိန်းသုံး ဒုံးကျည်တွေ လွှဲပြောင်းပေးခဲ့ရာမှာ ပါဝင်ပတ်သက်လို့ဆိုပြီး ဥရောပသမဂ္ဂက မနေ့က ပိတ်ဆို့ ဒဏ်ခတ်မှု အသစ်တွေ ပြဋ္ဌာန်းလိုက်တာပါ။

အရေးယူပိတ်ဆို့တဲ့အထဲမှာ အီရန်နိုင်ငံက Saha လေကြောင်း၊ Mahan လေကြောင်းနဲ့ အီရန် ဒုတိယကာကွယ်ရေးဝန်ကြီး Seyed Hamzeh Ghalandari တို့ ပါဝင်ပါတယ်။ တချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံကလည်း အီရန်နိုင်ငံက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၉ ခုကို ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။

အီရန်နိုင်ငံဟာ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားကို ပဲ့ထိန်းသုံး ဒုံးကျည်တွေ ပေးပို့ခဲ့တဲ့အကြောင်း ထောက်လှမ်းရေးသတင်းရပ်ကွက်တွေကို ကိုးကားပြီး မဟာမိတ်နိုင်ငံတွေကို အချက်အလက်တွေပေးပို့ခဲ့တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပါတယ်။

အီးယူ ဒဏ်ခတ် ပိတ်ဆို့မှုသစ် အီရန် ရှုတ်ချ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG