သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘက်မလိုက်နိုင်ငံများညီလာခံ အီရန်တွင် ကျင်းပ


Iran Hosts Non-aligned Summit Despite Sanctions
Iran Hosts Non-aligned Summit Despite Sanctions
အီရန်နိုင်ငံ တဟီရန်မြို့မှာ ကျင်းပတဲ့ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု ညီလာခံကို နိုင်ငံ ဒါဇင်ပေါင်း များစွာက နိုင်ငံခေါင်းဆောင်တွေ အပါအဝင်၊ နိုင်ငံပေါင်း ၁၂၀ နီးပါးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားမှာတော့ အီရန်နိုင်ငံရဲ့ နျူးကလီးယား စီမံကိန်းကို နှိပ်ကွပ်ဖို့အတွက် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှုမှာပါတဲ့ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ အီရန်နိုင်ငံဘက်က ရပ်တည်သွားဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အလီ အက်ခ်ဘား ဆာလေဟီက တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ အနေနဲ့လည်း အကြမ်းဖက်မှုတွေကို ဆန့်ကျင်သွားဖို့၊ အထူးသဖြင့် အစိုးရတွေကနေ လုပ်နေတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး မားမားမတ်မတ်ရပ်တည်ဖို့ တိုက်တွန်းလိုက်ပြီး အမေရိကန်၊ ဗြိတိန် နဲ့ အစ္စရေးလ် ထောက်လှမ်းရေး အဖွဲ့တွေဟာ ၂၀၁၀ ခုနှစ်ကစပြီး အီရန်နျူးကလီးယား သိပ္ပံပညာရှင်တွေ သေဆုံးတဲ့ အမှုတွေမှာ ပါဝင် ပတ်သက်နေတယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံက ဆီရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ကို ထောက်ခံနေတဲ့အတွက် ၅ ရက်ကြာ ကျင်းပမယ့် ဒီညီလာခံအတွက် ဆီးရီးယားပြဿနာဟာ ထိပ်ဆုံးက ဆွေးနွေးမယ့်ကိစ္စ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။
XS
SM
MD
LG