သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ပြည်တွင်းလေကြောင်း ခရီးသည်တင်လေယာဉ်ပျက်ကျ၊ ၆၅ ဦး သေဆုံး


လေယာဉ်ပျက်ကျမှုအတွင်း ပါဝင်သူများရဲ့ မိသားစုဝင်အချို့
လေယာဉ်ပျက်ကျမှုအတွင်း ပါဝင်သူများရဲ့ မိသားစုဝင်အချို့

အီရန်ပြည်တွင်းလေကြောင်းလိုင်းတခုက ခရီးသည်တင်လေယာဉ်တစင်း နိုင်ငံတွင်း Zagros တောင်တနု်းမှာ ပျက်ကျသွားတာ ကြောင့် လေယာဉ်ပေါ်ပါ လူ ၆၅ ဦးစလုံး သေဆုံးသွားတယ်လို့ နိုင်ငံပိုင် IRNA သတင်းဌာနက ပြောပါတယ်။

အစောပိုင်းသတင်းတွေမှာတော့ လေယာဉ်ပေါ်မှာ လူ ၆၆ ဦးပါတယ်လို့ ပြောထားတာပါ။လေယာဉ်ဟာ တီဟီရန်မြို့တော်ကနေ ၅၆၀ ကီလိုမီတာလောက် လေယာဉ်ခရီးစဉ်အဖြစ် Isfahan ပြည်နယ်၊ Yasuj မြို့ကို တနင်္ဂနွေနေ့မနက်ပိုင်းက ထွက်သွားတာပါ။

လေယာဉ်ပျက်ကျတဲ့ဒေသကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ လွှတ်လိုက်ပြီလို့ အီရန် လခြမ်းနီအဖွဲ့ကပြောပေမယ့် အဲဒီဒေသမှာ ရာသီဥတု ဆိုးနေတဲ့သတင်းတွေ ထွက်ထားပြီး လေယာဉ်ပျက်ကျတဲ့နေရာကို ရဟတ်ယာဉ်တွေ ဆင်းလို့မရနိုင်ပါဘူး။

ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာက ဒဏ်ခတ်အရေးယူူခဲ့တဲ့ အီရန်နိုင်ငံက ခရီးသည်တင်လေယာဉ်တွေဟာ ဟောင်းနွမ်းနေပြီး မကြသေးခင်နှစ်တွေအတွင်း လေယာဉ်ပျက်ကျတာတွေ ပိုတိုးလာတာပါ။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်နိုင်ငံအကြား ၂၀၁၅ ခုနှစ်က နျူကလီးယားဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီး တဲ့နောက် ပြင်သစ်လုပ် Airbus လေယာဉ်တွေနဲ့ အမေရိကန်လုပ် Boeing လေယာဉ်အသစ်တွေ ဝယ်ယူဖို့ အီရန်က သဘောတူ ညီချက်တွေ လက်မှတ်ထိုးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG