သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရှန်းပင်လယ်ကွေ့ထဲ စစ်ရေးပြဖို့ အီရန်ပြင်ဆင်


အီရန်နိုင်ငံအနေနဲ့ ပါရှန်ပင်လယ်ကွေ့ထဲ စစ်ရေးလေ့ကျင့်ခန်းတစ်ခု၊ မကြာခင် စဖို့ ပြင်ဆင်နေပြီး၊ Hormuz ရေလက်ကြားကို ပိတ်ပစ်နိုင်တဲ့ အစွမ်းကို ပြဖို့ ရှိနေပါတယ်။

ဒီပါရှန်ပင်လယ်ကွေ့ကနေ အာရေးဘီးယားပင်ကို၊ အရှေ.အလယ်ပိုင်းက ရေနံတင်ပို့ရာမှာ အဓိက လမ်းကြောင်းဖြစ်တဲ့၊ ဒီ Hormuz ရေလက်ကြားကို ပိတ်ပစ်မယ်လို့ အီရန်က မကြာခင်ကပဲ ခြိမ်းခြောက်ခဲ့ပါတယ်။

အရှေ.အလယ်ပိုင်းက အမေရိကန်တပ်တွေကို ကွပ်ကဲရတဲ့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ရေတပ် ဗိုလ်ကြီး Bill Urban က အခုလို အီရန်ရေတပ်ရဲ့ အာရေးဘီယားပင်လယ်ကွေ့၊ Hormuz ရေလက်ကြားနဲ့ Oman ပင်လယ်ကွေ့တွေမှာ လှုပ်ရှားမှုတိုးမြှင့်လာတာကို သိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပြောခွင့်ရ ဗိုလ်ကြီး Urban က ဆက်ပြီး၊ ဒီအီရန်ရေကြောင်းလှုပ်ရှားမှုတွေကို မျက်ခြေမပြတ် အနီးကပ် ဆက်စောင့်ကြည့်နေပြီး၊ နိုင်ငံတကာရေကြောင်းလိုင်းထဲမှာ လွတ်လပ်စွာ ရေကြောင်းသွားလာနိုင်ရေးနဲ့ လွတ်လပ်စွာကုန်စည်စီဆင်းနိုင်ရေးတွေ သေချာစေဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်အရှောက် တပ်ခွဲအနေနဲ့၊ ဒီ စစ်ရေးလေ့ကျင့်ခန်းတွေကို ၄၈ နာရီအတွင်း စတင်တော့မယ်လို့ CNN သတင်းဌာနကလည်း ကြေညာခဲ့ချိန်မှာ၊ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေကတော့ ဒီလေ့ကျင့်ခန်းမှာ စစ်ရေယာဉ်ပေါင်း ၁၀၀ ကျော်ပါဖို့ ပြင်ဆင်ထားတယ်လို့ ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG