သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှု မဟာမိတ်နိုင်ငံတွေအကြား ကွဲပြား


အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှု မဟာမိတ်နိုင်ငံတွေအကြား ကွဲပြား
please wait

No media source currently available

0:00 0:03:55 0:00
တိုက်ရိုက် လင့်ခ်

အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်လိုက်ပြီး၊ မော်တော်ကားထုတ်လုပ်မှု၊ ရွှေနဲ့ တခြားအဖိုးတန်သတ္တု ကုန်သွယ်ရေး နဲ့ ငွေကြေးတွေအပါအဝင် ကဏ္ဍအတော်များများကို ပစ်မှတ်ထားပြီး အရေးယူလိုက်ပါတယ်။ ဒီအရေးယူပိတ်ဆို့မှုဟာ အီရန်အစိုးရဘက်က မကောင်းတဲ့လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်းနဲ့ ဆက်ပြီးလုပ်နေတာတွေကို တန်ပြန်တဲ့ အနေနဲ့၊ အီရန်အပေါ်စီးပွားရေးအရသိသိသာသာဖိအားပေးဖို့ နဲ့ သဘောတူညီချက်အသစ်တခုကို ရဖို့ဖြစ်တယ်လို့ သမ္မတထရမ့်အစိုးရရဲ့ ထိပ်တန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ၂၀၁၅ နျူးကလီးယားသဘောတူစာချုပ်အရ ရုတ်သိမ်းခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်ချမှတ်တာဟာ အမေရိကန် နဲ့ သူ့ရဲ့ ဥရောပမဟာမိတ်နိုင်ငံတွေကြား ပိုပြီးတော့ ကွဲသွားစေခဲ့ပါတယ်။ အိမ်ဖြူတော် သတင်းထောက် Pasty Widakuswara သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG