သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဖောင်းပွမှု အီရန်အနှံ့ ဆန္ဒပြ


ငွေကြေး ဖောင်းပွမှုကြောင့် အီရန်မှာ ဆန္ဒပြကြစဉ်။
ငွေကြေး ဖောင်းပွမှုကြောင့် အီရန်မှာ ဆန္ဒပြကြစဉ်။

အီရန်နိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တော့မယ့်အချိန်မှာပဲ အီရန် မြို့ကြီးတွေမှာ လေးရက်မြောက် နေ့အဖြစ် ကြိုကြားကြိုကြား ဆန္ဒပြနေကြတာမှာ Tehran မြို့အနောက်ပိုင်းက Shiite တို့ရဲ့ကျမ်းစာသင်ကျောင်းကိုလည်း ဆန္ဒပြသူတွေ တိုက်ခိုက်ခဲ့ကြတယ်လို့ အီရန် သတင်းဌာနတွေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဒီကနေ့ ဖော်ပြပါတယ်။

Tehran, Isfahan နဲ့ Karaj မြို့အပါအဝင် အခြားမြို့အတော်များများမှာလည်း ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ စုဝေးခဲ့ကြတာကို လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတဲ့ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။ အမေရိကန်က သြဂုတ်လ ၇ ရက်နေ့ကစပြီး ပိတ်ဆို့ဒဏ်ခတ်မယ့်ကိစ္စအပါအဝင် အခြားအကြောင်းရင်းတွေကြောင့် အီရန်မှာ ငွေကြေးဖောင်းပွနေတာကို ဆန္ဒပြကြတာပါ။

အီရန်နိုင်ငံ နျူကလီယားအစီအစဉ်တွေကို ရုပ်သိမ်းခဲ့တဲ့အတွက် အပြန်အလှန်အားဖြင့် အမေရိကန်အပါအဝင် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကိုရုပ်သိမ်းပေးလိုက်တဲ့ ၂၀၁၅ သဘောတူညီမှုကနေ ပြီးခဲ့တဲ့မေလက အမေရိကန်နုတ်ထွက်ခဲ့တာပါ။ ဒီလိုနုတ်ထွက်လိုက်ပြီးတဲ့အနောက် လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေတယ်ဆိုပြီး အီရန်အပေါ် စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့မှုတွေပြန်ချဖို့ အမေရိကန်က ဆုံးဖြတ်ခဲ့ပါတယ်။

အခြားနိုင်ငံတွေကိုလည်း အီရန်ရဲ့ ရေနံတွေကို နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး မဝယ်ဖို့ တိုက်တွန်းခဲ့သလိုဒီလို ဆက်ဝယ်မယ်ဆိုရင် အမေရိကန်ဘက်က ဘဏ္ဍာရေးအရ အရေးယူမယ်လို့ ပြောဆိုထားပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ကိစ္စ၊ အကျင့်ပျက်ခြစားမှု ကိစ္စရပ်တွေကို ဆန္ဒပြသူတွေ စပြီး ကြွေးကြော်ခဲ့ကြပေမယ့်အစိုးရဆန့်ကျင်ရေး လူထုစုဝေး ပွဲအဖြစ် ခပ်မြန်မြန်ပုံစံပြောင်းသွားခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှု အီရန်မှာ ဆန္ဒပြ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG