သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို ရန်မစဖို့ သမ္မတထရမ့်ပ်ကို သမ္မတ Rouhani  သတိပေး


အီရန်နိုင်ငံကို ရန်မစဖို့ အီရန်သမ္မတ Hassan Rouhani က အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို သတိပေးလိုက်ပါတယ်။

အီရန်နိုင်ငံ နျူကလီးယားလက်နက် မထုတ်နိုင်အောင် တားဆီးဖို့ရည်ရွယ်တဲ့ နိုင်ငံတကာသဘောတူစာချုပ်ကနေ ဒီနှစ်အစော ပိုင်းမှာ အမေရိကန်က နုတ်ထွက်လိုက်ပြိး ဒဏ်ခတ်အရေးယူမှုတွေ တိုးပြီးချမှတ်ဖို့လည်း သမ္မတထရမ့်ပ်က ညွှန်ကြားထားတာပါ။

တနင်္ဂနွေနေ့မှာတော့ သမ္မတ Rouhani က “ခြသေ့ၤအမြီးနဲ့ မကစားပါနဲ့၊ နောင်တရသွားလိမ့်မယ်” လို့ သမ္မတထရမ့်ပ်ကို သတိပေးပါတယ်။ အီရန်အနေနဲ့ သူ့နိုင်ငံထွက် ရေနံစိမ်းကို ကမ္ဘာ့ဈေးကွက်မှာ ရောင်းချတဲ့ကိစ္စ အမေရိကန်က တားဆီးနိုင်စွမ်း မရှိဘူးဆိုတာကိုလည်း သမ္မတ Rouhani က ထပ်ပြောသွားပါတယ်။

သူတို့နိုင်ငံကနေ ရေနံစိမ်းတင်ပို့တာကို တားဆီးနှောင့်ယှက်မယ်ဆိုရင် မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကိုဖြတ်ပြီး ရေနံစိမ်းတွေ သယ်ယူပို့ဆောင်နေတာကို ဟန့်တားမယ့်သဘောမျိုး အရင်က သမ္မတ Rouhani ပြောထားဖူးပါတယ်။

“ဒေသတွင်း နိုင်ငံတိုင်းက သူတို့ရေနံကို ရောင်းနေကြပြီး ကျနော်တို့က ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေဖို့ဆိုတာ ဖြစ်နိုင်ပါသလား၊ သမိုင်းတလျှောက် ဒီရေလမ်းကြောင်း လုံခြုံရေးကို ကျနော်တို့ ထိန်းသိမ်းလာတာဆိုတာ မမေ့ပါနဲ့၊ ရေနံသယ်ပို့ လမ်းကြောင်း လုံခြုံရေးကို သမိုင်းနဲ့ချီပြီး ကျနော်တို့လုပ်လာတာပါ၊ ဒါကိုမမေ့ပါနဲ့” လို့ သမ္မတ Rouhani ကပြောပါတယ်။

သူ့နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ဖိအားကို ရင်ဆိုင်သွားမှာဖြစ်ပြီး အီရန်နိုင်ငံတွင်းမှာ လူထုမကျေနပ်မှုကို အားပေးပြီးတော့ အီရန် လူထုက အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်လာအောင် လှုံ့ဆော်တာမျိုး လုပ်မရဘူးလို့ သမ္မတ Rouhani ကအခိုင်အမာပြောပါတယ်။

အီရန်ကို ရန်မစဖို့ သမ္မတထရမ့်ပ်ကို သမ္မတ Rouhani  သတိပေး
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG