သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို မခြိမ်းခြောက်ဖို့ အီရန်ကို သမ္မတ Trump သတိပေး


တိုက်ရိုက် လင့်ခ်

အမေရိကန် ပြည်ထောင်စုအပေါ် ခြိမ်းခြောက်တာမျိုး လုပ်မယ်ဆိုရင် သမိုင်းတွင်မယ့် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ Donald Trump က အီရန် သမ္မတ Hassan Rouhani ကို သတိပေးလိုက်ပါတယ်။ ခြိမ်းခြောက်တဲ့ လုပ်ရပ် မလုပ်ဖို့ သမ္မတ Trump က ပြောဆိုလိုက်တာပါ။ အီရန်ကတော့ သမ္မတ Trump ဟာ လာမယ့် နိုဝင်ဘာၤ ကျင်းပမယ့် လွှတ်တော် ကြားကလ ရွေးကောက်ပွဲတွေ မတိုင်ခင် ရီပတ်ဗလစ်ကန်တွေရဲ့ ထောက်ခံမှု ပိုရဖို့အတွက် စိတ်ဓာတ်စစ်ဆင်ရေးတရပ် ဆင်နွှဲနေတာလို့ တုန့်ပြန် စွပ်စွဲပါတယ်။ VOA သတင်းထောက် Cindy Saine ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။

XS
SM
MD
LG